ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

705 82 0
                                    

Chapter 133

ကုဆွေ့ဆွေ့၏မွေးနေ့တွင် 'လမ်းကြားလေး' ဇာတ်လမ်းတွဲရိုက်ကူးရေးအဖွဲ့မှ ရုပ်ရှင်အဖွဲ့သားများက သူမ၏မွေးနေ့အတွက် အထူးတလှယ်ကိတ်မုန့်လေး ပြင်ဆင်ထားပေးသည်။

ခရင်(မ်)သားထူထူဖြင့်လုပ်ထားသောသစ်သီးစုံကိတ်မုန့်မှာ အလွှာသုံးလွှာပါရှိသည်။ လူကြီးများက တစ်ကိုက်စီသာစားကြပြီး ကျန်ကိတ်သားများကို ကလေးများကိုသာခွဲဝေပေးလိုက်သည်။

"ဆွေ့ဆွေ့လေးရေ...ဒီနေ့က သမီးရဲ့မွေးနေ့ဆိုတော့ နေ့တစ်ဝက်ရိုက်ပြီးရင် အိမ်ပြန်ပြီးအနားယူလိုက်တော့နော်"

လုကျန်းဟွေက ဆွေ့ဆွေ့အား ပြုံးပြကာပြောလာ၏။

ယနေ့မနက်ရိုက်ကူးရေးမှာ ဆွေ့ဆွေ့၏နောက်ဆုံးဇာတ်ဝင်ခန်းဖြစ်သည်။ ထို့အပြင် ယနေ့မှာသူမ၏မွေးနေ့ဖြစ်သောကြောင့် နောက်ဆုံးဇာတ်ဝင်ခန်းရိုက်ကူးပြီးလျှင် ရိုက်ကွင်းစောစောနားရန်ဆုံးဖြတ်လိုက်ကြသည်။

"ဆွေ့ဆွေ့ရေ...ပျော်ရွှင်ဖွယ်မွေးနေ့လေးပါနော် ဒါက ကျောင်းဟွေ့နဲ့ မမတို့အတူတူဝယ်လာခဲ့တဲ့ မွေးနေ့လက်ဆောင်လေးလေ"

ရွှီယွင့်အာ၏ဘေးတွင်ရပ်နေသောကျောင်းဟွေ့ကဆွေ့ဆွေ့ကိုပြုံးပြရင်း နှစ်လိုဖွယ်အသံဖြင့်ပြောလာသည်။

"ဆွေ့ဆွေ့လေး...ဟက်ပီးဘတ်ဒေးပါ"

"ဒီလက်ဆောင်ဘူးကိုဆွေ့ဆွေ့အိမ်ပြန်သွားမှတစ်ခြားလက်ဆောင်တွေနဲ့အတူတူဖွင့်ကြည့်လေ...အခုဖွင့်ကြည့်လိုက်ရင်စိတ်လှုပ်ရှားစရာမကောင်းတော့ဘူး"

"ကိုကိုကျောင်းဟွေ့နဲ့မမယွင့်အာ...လက်ဆောင်တွေအတွက်ကျေးဇူးပါနော်"

ဆွေ့ဆွေ့လည်း ကိုကိုနှင့်မမနှစ်ယောက်လုံးကိုပြုံးပြရင်းပြောလိုက်သည်။

ဒါရိုက်တာလုကျန်းဟွေ့က ဆွေ့ဆွေ့အားနေ့တစ်ဝက်နားခိုင်းထားသောကြောင့် ဖုန့်ယောင်ချင်းလည်း ရိုက်ကွင်းကိုနာရီဝက်ခန့်စောရောက်ပြီး ကြိုစောင့်နေလိုက်သည်။

"မေမေ....သမီးမေမေ့ကိုအရမ်းလွမ်းနေတာ"

ဆွေ့ဆွေ့က သူမကိုတွေ့သည်နှင့်လွှားကနဲခုန်တက်ပြီး ချွဲတော့သည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now