ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

745 88 0
                                    

Chapter 52

ကုဆွေ့ဆွေ့ကို ကျွန်းပေါ်မှသူကိုယ်တိုင်ကယ်မထုတ်လာနိုင်သောကြောင့် လင်းတုံတုံအချိန်အကြာကြီး ဝမ်းနည်းနေခဲ့သည်။

"ညီမလေးရေ.....တောင်းပန်ပါတယ်နော်....ကိုကိုက ညီမလေးကိုမကောင်းဆိုးဝါးနဂါးလက်ထဲကနေ အရင်ဆုံးလာကယ်ခဲ့တဲ့သူမဟုတ်တဲ့အတွက် တောင်းပန်ပါတယ်"။ လင်းတုံတုံတစ်ယောက် ရိုက်ကူးရေးအဖွဲ့ကဖန်တီးထားသောဇာတ်လမ်းထဲတွင် စျာန်ဝင်နေဆဲဖြစ်သည်။ ဆွေ့ဆွေ့ကို မျက်ရည်အဝိုင်းသားနှင့်ကြည့်ရင်း တောင်းပန်စကားဆိုနေသည်။

ကုဆွေ့ဆွေ့ကမူ နားမလည်ဟန်နှင့်ကြောင်တောင်တောင်လေးဖြစ်နေသည်။

နဂါးလား? ဘယ်ကနဂါးလဲ?

ကြောင်တောင်တောင်ဖြစ်နေသော ကလေးနှစ်ယောက်ကိုကြည့်ရင်း ခဲ့ကျင်းယန် မတွေးတတ်တော့အောင် ရယ်ချင်လာမိသည်။ ခဲ့ကျင်းယန်က မီးလောင်ရာလေပင့်ဆိုသလို ထိုကလေးများကို မနေနိုင်မထိုင်နိုင်ထပ်စလိုက်ပြန်သည်။ "တုံတုံရေ.....မက်းညီမလေးကလေ...မင်းသူ့ကို အရင်လာမကယ်လို့ဆိုပြီး အကြာကြီးဝမ်းနည်းနေခဲ့တာ"။

ထိုစကားကိုကြားလိုက်သောအခါ လင်းတုံတုံက မျက်တောင်တဖျပ်ဖျပ်ခတ်ရင်း တစ်ခဏမျှတောင့်ခဲသွားပြီး ရှိုက်ကာငိုချလာတော့သည်။ "ညီမလေးဝမ်းမနည်းနဲ့တော့နော်....နောက်တစ်ခါကျရင် ပိုပြီးကြိုးစားပါ့မယ်....အစ်ကိုရွှီယွဲ့ထက် ပိုမြန်စေရမယ်"။

ရိုက်ကူးရေးဝန်ထမ်းများလည်း ခဲ့ကျင်းယန်၏ ထူးဆန်းသောအပြုအမူကြောင့် အံ့အားသင့်နေကြသည်။ အကျော်အမော်အနုပညာကြယ်ပွင့်ခဲ့ကျင်းယန်က ကလေးများနှင့် စနောက်ရင်းပျော်ရွှင်နေသည်တဲ့လေ။ တကယ့်ကို အရွယ်မရောက်သေးသောကလေးကြီးတစ်ယောက်ကဲ့သို့ပင်ဖြစ်သည်။

သားဖြစ်သူလင်းတုံတုံငိုနေသည်ကို မြင်သော်လည်း လင်းယိုကအရေးတယူမလုပ်ချေ။ သားယောကျာ်းလေးတစ်ယောက်ကို အကြမ်းပတမ်းခံအောင်ပြုစုပျိုးထောင်ရမည်ဟုပင် သူခံယူထားသည်။ အသေးအဖွဲကိစ္စလေးများအပေါ် ငိုယိုနေသည်ကို သူအထူးတလှယ်လိုက်မချော့နေတော့ပေ။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးDonde viven las historias. Descúbrelo ahora