ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

850 95 0
                                    

Chapter 32 .1

ဖူရင်းယွီက ကုဆွေ့ဆွေ့နှင့်အတူ ထုပ်ပိုးထားသောစတော်ဘယ်ရီကိတ်လေးကို ဖုန်းယောက်ချင်း၏အလုပ်နေရာသို့ပို့ပေးလိုက်သည်။ ထို့နောက် ရှိန်နှုန်းမြင့်ရထားဘူတာသို့ သူ(မ)ကိုမောင်းပို့ပေးရန် လက်ထောက်အားပြောလိုက်သည်။

"ဦးလေး ဘာဝယ်ချင်လို့လဲ"။ ၂၄ နာရီစတိုးဆိုင်ကသိပ်မကြီးလှသောကြောင့် တာဝန်ချိန်လဲရန် အလုပ်သမားတစ်ဦးသာ ထားလေ့ရှိသည်။ ဖုန်းယောက်ချိန်က ယနေ့တွင် မနက်ပိုင်းအရောင်းတာဝန်ကျပြီး နေ့ခင်းပိုင်းတွေတာဝန်ချိန်လဲရမည်ဖြစ်သည်။

ဖုန်းယောက်ချင်းက စတိုးဆိုင်ဝန်ထမ်းဝတ်စုံကိုလဲလိုက်ပြီး ကုန်ပစ္စည်းများကို စာရင်းကိုက်ရန် ဂိုဒေါင်သို့သွားလိုက်သည်။ သူ(မ)မရှိခိုင်တွင် ကုဆွေ့ဆွေ့က သူ(မ)အစား ငွေစက်ရှေ့တွင် တစ်ခဏမျှရပ်နေပေးသည်။ တာဝန်လဲချိန် ရောက်လာသောအခါ အလုပ်မှအချိန်မီထွက်ပြီး သူ(မ)သမီးကို နေ့လည်စာခေါ်ကျေွးနိုင်သည်။

ဝတ်စုံနက်နှင့်လူတစ်ယောက်က ငွေရှင်းစက်ရှေ့တွင်ရပ်နေသော ချစ်စဖွယ်ကလေးမလေးကိုတွေ့လိုက်ရသောအခါ ဟက်ဟက်ပက်ပက်ပြုံးပြရင်း ပြောလာသည်။ "ဦးဦးကပစ္စည်းတွေဝယ်ဖို့လာတာမဟုတ်ပါဘူး.....လူတစ်ယောက်ကိုရှာနေတာပါ"။

ကုဆွေ့ဆွေ့က အစတွင် ထိုသူအား မမှတ်မိချေ။ ထိုဦးလေးကြီး၏စကားကိုကြားသောအခါ ခပ်ပြတ်ပြတ်လေးပြန်မေးလိုက်သည်။ "ဦးလေး....ဒီမွာက သမီးနဲ့သမီးအမေပဲရှိတာပါ...ဦးကဘယ်သူ့ကိုရှာချင်တာလဲဟင်?"။

"....အေမလား?"။ ထိုအသုံးအနှုန်းကိုကြားလိုက်ရသောအခါ စုယွိင်လုံတစ်ယောက် ကြက်သေသေသွားသည်။ ထို့နောက် တစ္စုံတစ္ခုကို စဉ်းစားရင်း မေးလိုက်သည်။ "ကလေးလေး....သမီးရဲ့အေမက ဆံပင်ရှည်ရှည်ကောက်ကောက်နဲ့လား?"။

ကုဆွေ့ဆွေ့ကခေါင်းညိမ့်ကာ ယဉ်ယဉ်ကျေးကျေးနှင့်ပြန်ဖြေသည်။ "ဟုတ်.....အဲဒါဆိုရင် ဦးလေးကဒီမှာသမီးရဲ့အမေကိုလာရှာတာလား? မေမေက အခု....ဂိုဒေါင်ထဲမှာအလုပ်လုပ်နေတယ်....အခုသွားခေါ်ပေးရမလား....."။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now