ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

891 108 0
                                    

Chapter 7

ညစာစားပြီးနောက် ကုဆွေ့ဆွေ့က ဆိုဖာပေါ်တွင်ထိုင်ကာ တီဗွီကြည့်နေစဉ်တွင် ဖုန်းယောက်ချင်းက မီးဖိုခန်းတွင် တစ်ကိုယ်တည်း အလုပ်လုပ်နေသည်။

ရသစုံရှိုးတွင် ချောမောလှပသောမိန်းမပျိုလေးအား ကြည့်နေသော နုနုနယ်နယ်ကလေးလေးက ရုတ်တရက် အရေးကြီးသော အရာတစ္ခုကို တွေးမိသွားသည်။ "မေမေ သမီး ဖုန်းကစားဖို့ မေ့မေ့ဖုန်းခဏလောက်ပေးပါလား?"

ဖုန်းယောက်ချင်းကပြန်ဖြေလိုက်သည်: "မေ့မေ့ဖုန်းက ဧည့်ခန်းထဲက စားပွဲပေါ်မှာရှိတယ် ၊ သမီးကိုယ့်ဘာသာကိုယ် သွားယူလိုက်နော် ၊ lock screen password က ၆ပဲ။ "

ကုဆွေ့ဆွေ့က ဖုန်းကိုတွေ့ကာ lock ဖြည်လိုက်ပြီး screen ကို စိတ်အားထက်သန်စွာနှိပ်လိုက်သည်။

ထိုအချိန်တွင် ဖုန်းယောက်ချင်းက လတ်လတ်ဆတ်ဆတ်လှီးဖြတ်ထားသော သစ်သီးဝလံများနှင့် မီးဖိုခန်းမှထွက်လာသည်။ သူ(မ)၏သမီးလေးအား ပန်းသီးတစ်စိတ်ကျေွးရင်း မေးလိုက်သည်။ "ဆွေ့ဆွေ့ ဘာတွေကစားနေတာလဲ? အရမ်းအသည်းအသန်နဲ့လေ" ။

ကုဆွေ့ဆွေ့က ချိုချိုသာသာပြုံးပြသည်။ "ဒီနေ့ညမှာ ရိုက်ကူးရေးအဖွဲ့ရဲ့ တရားဝင် ဝက်ဘ်ဆိုက်ကနေ သမီးဇာတ်ကောင်ရဲ့ဓာတ်ပုံတွေပါတဲ့ မိတ္ကပ္ဓာတ္ပုံအစုံလိုက္ကို ထုတ်ပေးမယ်လို့ ဒါရိုက်တာဦးလေးကြီးပြောထားတယ် ၊ ဖုန်းကိုစောင့်ပြီးတော့ တတ်နိုင်သလောက် မြန်မြန်ကြည့်ချင်လို့ပါ" ။

ဖုန်းယောက်ချင်း၏မျက်ဝန်းတို့က မဟန်နိုင်လောက်အောင် ပြုံးမိသွားသည်။ "တိမ်မြှုပ်နေသော" ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးစဉ်တည်းက သူ(မ)၏သမီးလေးက ပိုပြီးလှလာသလို ပင်ကိုစရိုက်ကလည်း ပိုမိုရွှင်လန်းတက်ကြွကာ ဖျတ်လတ်လာသည်။

ဖုန်းယောက်ချင်းက သူ(မ)သမီးကို ဝေဘိုအကောင့်တွင် မှတ်ပုံတင်ရန်နှင့် အခြားဖုန်းနံပါတ်တစ်ခုကို အသုံးပြုရန် သင်ပေးခဲ့သည်။ ဆွေ့ဆွေ့ကို ရုပ်ရှင်ဇာတ်လမ်းတွဲတစ်ခုပြီးလျှင် ပြီးဆုံးသွားမည်ဖြစ်သော သရုပ်ဆောင်ငယ်လေးတစ်ဦးဟုယူဆထားသောကြောင့် ဖုန်းယောက်ချင်းက အသစ်စက်စက်မှတ်ပုံတင်ထားသော ဝေဘိုအကောင့်အား သူ(မ)၏ကိုယ်ပိုင်အကောင့်အနေနှင့် သတ်မှတ်လိုက်သည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now