ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

808 108 0
                                    

Chapter 20

ခဲ့ကျင်းယန်၏ နာမည်ကျော်ကြားမှုဂုဏ်သတင်းက နောက်စရာမဟုတ်ပေ။ ရသစုံရှိုးအတွက် သူရိုက်ကူးရေးလုပ်နေစဉ်အတွင်း သူနှင့်ပတ်သတ်သည့်ပို့စ်များက အွန်လိုင်းပေါ်တွင် ပလူပျံနေသည်။

မနက်ရှစ်နာရီခွဲအချိန်ခန့်တွင် လူတစ်ယောက်က သူပန်းခြံထဲတွင်လေ့ကျင့်ခန်းလုပ်နေပြီးအပြေးလေ့ကျင့်နေစဉ် ခဲ့ကျင်းယန်ရိုက်ကူးရေးလုပ်နေသည်ကို တွေ့ခဲ့ကြောင်း ဝေဘိုတွင်ပို့စ်တင်ပြီးပြောလာသည်။ သက်သေပြရန်အတွက် တိတ်တဆိတ်ရိုက်ယူထားသောပုံနှစ်ပုံပါ တွဲတင်လိုက်သေးသည်။

ထိုပို့စ်ကိုတင်ထားသောသူမှာ နှစ်ပေါင်းများစွာ ခဲ့ကျင်းယန်၏သစ္စာရှိပရိသတ်တစ်ဦးဖြစ်ခဲ့ပုံရသည်။ သူရေးတင်ထားသည့်စာသားအရခဲ့ကျင်းယန်အား တွေ့ခဲ့ရသည်ကိုအလွန်စိတ်လှုပ်ရှားနေကြောင်းသိရှိနိုင်သည်။

သူ့ပို့စ်အောက်တွင် ကောမန့်များစွာလည်းရေးထားကြသေးသည်။ ပုံပါတွဲတင်ထားသောကြောင့် မယုံသည့်သူမရှိပေ။ တစ်ခဏမျှကြာပြီးနောက် ခဲ့ကျင်းယန်၏အမည်က ရေပန်းအစားဆုံးရှာဖွေမှုစာရင်းသို့ရောက်ရှိသွားလေသည်။

ဝေဘိုတွင်တင်ထားသည့်ဓာတ်ပုံက အနည်းငယ်ဝါးနေသည်။ ရိုက်ကူးရေးအဖွဲ့က သတိပေးစည်းကြိုးတားထားသည့်အတွက် အဝေးမှလှမ်းရိုက်ယူရသောကြောင့် သူ့ပုံက သိပ်မပီပြင်လှပေ။

သို့သော် သူ့ငွေရောင်ဆံပင်တောက်တောက်ကြောင့် ပရိသတ်များက ခဲ့ကျင်းယန်ကိုချက်ချင်းမှတ်မိကြသည်။

"အား....သူရုပ်ရှင်ရိုက်နေတာလား....ချစ်လိုက်တာနော်"။

"ရုပ်ရှင်ရိုက်နေတာမဟုတ်လောက်ဘူး....ဒီပုံတွေအရဆိုရင် ရသစုံရှိုးတစ်ခုခုရိုက်နေတာနဲ့တူတယ်"။

"ဝိုး...အစ္ကိုက အရမ်းအလုပ်ကြိုးစားတာပဲ....သူ့ရဲ့ပွဲပြီးတာနဲ့ ချက်ချင်းကို ရိုက်ကူးရေးပြန်စတယ်နော်"။

"အစ်ကိုကျင်းယန်က နောက်ဆုံးရသစုံနယ်ပယ်အထိပါ ခြေဆန့်တော့မှာလား......ဒါနဲ့ သူရိုက်နေတာ ဘာရသစုံရွိုးလဲဆိုတာ တစ်ယောက်ယောက်သိလား.....ဘယ်အချိန်လွှင့်မှာတဲ့လဲ...လွှင့်လို့ကတော့ အပိုင်းဘယ်လောက်များများ တစ်ထိုင်တည်းကြည့်ပစ်မယ်"။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now