ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

551 62 0
                                    

Chapter 141

ချင်ဇီချန်းတစ်ယောက် မျက်နှာဖုံးကိုချွတ်လိုက်သည်နှင့် သူ့မျက်နှာပေါ်ရှိဒဏ်ရာများက စိတ်ပျက်စရာကောင်းအောင် အထင်းသားမြင်နေရသည်။

အစပိုင်းတွင် ကုဆွေ့ဆွေ့တစ်ယောက် အစားအသောက်ထဲတွင်စျာန်ဝင်နေသဖြင့် ချင်ဇီချန်း မျက်နှာပေါ်ရှိ အမာရွတ်နှင့်ဒဏ်ရာများကို သတိမထားမိချေ။

မျက်နှာချင်းဆိုင်တွင်ထိုင်နေသော ဖုန့်ယောင်ချင်းက အသီးပန်းကန်ထဲသို့အသီးများထည့်နေချိန်တွင် ရုတ်တရက်မော့

ကြည့်မိရာ ကောင်ငယ်လေး၏မျက်နှာပေါ်ရှိဒဏ်ရာများ အနာအဆာများကိုမြင်လိုက်ရသောကြောင့် အံ့သြသွားမိ၏။

"ဇီချန်း...သားမျက်နှာပေါ်က...ဒဏ်ရာတွေက...ဘယ်လိုဖြစ်ရတာလဲ"

ချောမောနုနယ်သောကောင်လေး၏မျက်နှာပေါ်တွင် အဘယ်အကြောင်းကြောင်းကြောင့်များ ရုပ်ဆိုးအကျည်းတန်သည့်ဒဏ်ရာများရှိနေပါသနည်း။ အချို့ဒဏ်ရာများမှာ အနာပင်မကျက်သေးချေ။ ထို့ကြောင့် ကောင်လေးက တစ်ချိန်လုံး နှာခေါင်းစည်းမချွတ်ဘဲဖုံးထားခြင်းဖြစ်မည်။

ဖုန့်ယောင်ချင်း၏စကားကိုကြားသွားသောဆွေ့ဆွေ့က ချက်ချင်းသူတို့ဘက်သို့လှည့်ကြည့်လာသည်။

"ကိုကို...အရိုက်ခံထားရတာလားဟင်"

အားလုံး၏စိုးရိမ်ပူပန်နေသောအကြည့်များကြားတွင် ချင်ဇီချန်းတစ်ယောက်ရုတ်တရက်မွန်းကျပ်လာသည်။ သူအမှန်အတိုင်းပြောလိုက်ရမည်လား ၊ ဆက်ပြီးဟန်ဆောင်နေရမည်လား

မဝေခွဲတတ်တော့။

မနေ့ညက ကျောင်းလွယ်အိတ်ကြီးသူ့ဆီတည့်တည့်လွှင့်လာသောအခါ ရှောင်ချိန်မရလိုက်ပေ။ လွယ်အိတ်ထဲတွင် ကျောင်းစာအုပ်များနှင့်စာရေးကိရိယာများမှလွဲ၍ အခြားချွန်ထက်နေသည့်ပစ္စည်းများမပါသောကြောင့် သူကံကောင်းသွားရသည်။

သို့သော် အစ်ကိုကြီးကသူ့ကိုပြန်တောင်းပန်ပြီးသူပေးသောလက်ဆောင်ကိုလက်ခံခဲ့သည် မဟုတ်လား။ ဒဏ်ရာရသွားသည်က သူ့အတွက်တော့တန်ပါ၏။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးUnde poveștirile trăiesc. Descoperă acum