ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

752 83 0
                                    

Chapter 53

သို့သော် လုချီမသိလိုက်သည်မှာ လုယွင်ကျီလည်း သူနှင့်အတွေးတူသည်ဆိုတာကိုပင်။

လုယွင်ကျီကိုယ်တိုင်လည်း ကုဆွေ့ဆွေ့ကို "လမ်းကြားထဲရှိလူများ" အစီအစဥ်တွင် ပါဝင်စေလိုသည်။ နဂိုက ထိုဇာတ်လမ်းတွဲထဲတွင် ဧည့်သည်ဇာတ်ကောင်နေရာတွင် ပါဝင်မည့် ခဲ့ကျင်းယန်အတွက် ပြင်ဆင်ပေးရင်း အာရုံများနေခဲ့သည်။ လုကျင်းဟွီရိုက်ကူးမည့်ရုပ်သံဇာတ်လမ်းတွဲမှတစ်ဆင့် ပိုမိုနာမည်ကြီးလာနိုင်သော

ကြောင့်ဖြစ်သည်။

သို့သော် ခဲ့ကျင်းယန်တွင် "ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးအပြင် အခြားရိုက်ကူးရေးအစီအစဥ်များလည်း ရှိနေသောကြောင့် "လမ်းကြားထဲရှိလူများ" ဇာတ်လမ်းတွဲတွင် ပါဝင်ရိုက်ကူးဖို့အချိန်ရှိလိမ့်မည်မဟုတ်ပေ။

မည်သို့ပင်ဆိုစေ ခဲ့ကျင်းယန်ကိုင်တိုင်ကလည်း သရုပ်ဆောင်ရန်စိတ်အားထက်သန်လွန်းနေသူမဟုတ်ချေ။ လုယွင်ကျီကသာ အတင်းတိုက်တွန်းတတ်ခြင်းဖြစ်သည်။ သို့သော် ဤတစ်ခေါက်တွင်တော့ လုယွင်ကျီလည်း ခဲ့ကျင်းယန်တစ်ယောက်နောက်တစ်နှစ်လုပ်မည့်ပွဲအတွက် စိတ်အေးအေးထားပြီးပြင်ဆင်နိုင်ရန် အားလက်ရက်ပေးဖို့ဆုံးဖြတ်လိုက်သည်။ ထိုမှသာလျှင် သူနားနားနေနေနှင့် လုပ်စရာရှိသည်များကိုလုပ်နိုင်ပေလိမ့်မည်။

"ဆွေ့ဆွေ့အမေခင်ဗျ....ဒါကကျွန်တော် ပြင်ဆင်ပေးထားတဲ့အိမ်လေးပါ....ကျေနပ်ရဲ့လားမသိဘူး"။ လွန်ခဲ့သောအခေါက်က ခဲ့ကျင်းယန်၏ပရိသတ်များကြောင့် ကုဆွေ့ဆွေ့ထိတ်

လန့်သွားသောအခါ လုယွင်ကျီလည်းအတော်လေးစိတ်မသက်မသာဖြစ်သွားရသည်။ တစ်ချိန်တည်းမှာပင် သတိရသွားပြီး ဆွေ့ဆွေ့တို့သားအမိနှစ်ဦးကို အလျင်အမြန်အိမ်ပြောင်းပေးလိုက်သည်။

ဤအိမ်က သူအထူးတလှယ်ရွေးချယ်ထားသောအိမ်ဖြစ်သည်။ လုံခြုံရေးမြင့်မားသလို သွားလာရန်အတွက်လည်းလွယ်ကူသည်။ အနီးအနားတွင်လည်း စျေးဆိုင်ကြီးများရှိသည်။ အရေးအကြီးဆုံးအချက်မှာ ဆွေ့ဆွေ့တက်ရမည့်မြို့တော်တွင်းရှိ အကောင်းဆုံးနိုင်ငံတကာကျောင်းကြီးနှင့် နီးခြင်းဖြစ်သည်။ ဆယ်မိနစ်လေယက်လမ်းလျှောက်သွားရုံနှင့်ပင် ရောက်နိုင်သည်။ လိုလေးသေးမရှိပြည့်စုံသော အိမ်ပင်ဖြစ်သည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now