ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

823 102 0
                                    

Chapter 31

"ဒါနဲ့လေ အစ်မရင်းယွီ ရိုက်ကူးရေးလုပ်နေတုန်းမှာ ဝီချတ်(Wechat) ကေန မက်ဆေ့ချ်တွေဝင်လာတယ်"။ ဖူရင်းယွီအား အဝတ်အစားများ လက်ကိုင်အိတ်များနှင့်ပတ်သတ်ပြီးကူညီပေးရန် တာဝန်ယူထားသော အခြားလက်ထောက်တစ်ဦးကပြောလိုက်သည်။

မက်ဆေ့ချ်ပို့လာသောသူများမှာ ကိစ္စတစ်ခုခုရှိသောကြောင့် သူ(မ)အားရှာနေကြသော ဦးလေးနှင့်ဒေါ်လေးဖြစ်မည်ဟု ဖူရင်းယွီထင်မိသော်လည်း ဝီချတ်(Wechat)တွင် မက်ဆေ့ချ်ပို့ထားသူမှာ ကုဆွေ့ဆွေ့ဖြစ်နေသည်။ ထိုအခါ သူ(မ)၏ ဂရုမစိုက်ဟန်ရှိပြီးစိမ်းကားသောမျက်ဝန်းများက မရည်ရွယ်ပဲ နူးညံ့သွားသည်။ အသံဖိုင်ကိုနှိပ်လိုက်သောအခါ ကလေးငယ်လေး၏ တက်ကြွသောအသံသေးသေးလေးကို ကြားလိုက်ရသည်။

"မမဖူရေ....မမဖူ....သမီးရသစုံရှိုးတစ်ခုအတွက် အသံသွင်းပြီးပြန်လာတာ"

"စီရွှမ်းရှေးဟောင်းမြို့တော်ကနေ သမီးမမဖူအတွက် လက်ဆောင်လေးဝယ်လာခဲ့ပေးတယ်....မမဘယ်အချိန်အားလဲ....သမီးလက်ဆောင်ယူလာပေးမယ်လေ"

ဘေးတွင်ရှိနေသော ဟောင်ဖုန်းက ရင်းနှီးနေသောရွှင်ရွှင်ပျပျအသံလေးကိုကြားလိုက်သောအခါ ပြုံးမိသွားသည်။ "ရင်းယွီ ဒီသုံးနှစ်အရွယ်ကလေးမလေးက မင်းအပေါ်အရမ်းကြင်နာတာပဲ....အစီအစဉ်သွားရိုက်တဲ့အခါမှာတောင် မင်းအတွက်လက်ဆောင်ဝယ်လာပေးဖို့မမေ့ဘူးနော်"။

မက်ဆေ့ချ်ကိုလွန်ခဲ့သောသုံးနာရီခန့်က ပို့ထားခြင်းဖြစ်သည်။ ဖူရင်းယွီကတစ်ခဏမျှတွေးလိုက်ပြီးနောက် သူ(မ)၏ကိုယ်စားလှယ်ကိုမေးလိုက်သည်။ "မနက်ဖြန်မနက်ကျရင် ငါရိုက်ကူးရေးလုပ်စရာရှိသေးလား"။

ဟောင်ဖုန်းကရိုက်ကူးရေးအဖွဲ့၏အကြောင်းကြားစာကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိမ့်ပြသည်။ "မနက်ပိုင်းမှာတော့မရှိပါဘူး....နေ့လည်နဲ့ညနေခင်းမှာတော့ တစ်ခုစီရှိတယ်"။

ဖူရင်းယွီတစ်ယောက် ကလေးငယ်အား ဖုန်းခေါ်ပြီးသတင်းကိုပြောပြချင်သော်လည်း အချိန်ကိုတစ်ချက်ကြည့်လိုက်သောအခါ ဆယ့်တစ်နာရီပင်ခွဲနေပြီဖြစ်သည်။ ဖုန်းခေါ်လိုက်လျှင် လူတွေကိုနှိုးမိသွားမည်ကို သူ(မ)စိုးရိမ်မိပြီး ဖုန်းကိုချထားလိုက်ကာ ပြောလိုက်သည်။ "အဲဒါဆိုရင် မနက်ဖြန်မနက်ကျရင်ငါ့အတွက်တစ်ခုလောက်မှာပေး....ရှိန်နှုန်းမြင့်မီးရထားလက်မှတ်လေ....မြန်မြန်ရလေကောင်းလေပဲ.....ငါမြို့ထဲကိုသွားရဦးမယ်"။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now