ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

591 75 0
                                    

Chapter 151

"ရှီးရှီး...ဒီကိုလာပါဦး"

ခဲ့ကျင်းယန်လည်း မဆိုစလောက်လေး မနာလိုဖြစ်လာ၍ ရှီးရှီးစားနေကျအစာသွပ်ဘူးကို အံဆွဲထဲမှထုတ်ကာ မျှားခေါ်လိုက်သည်။

ခွေးပေါက်လေးက သူ့ကိုပင်ဂရုမစိုက်ဘဲ ကုဆွေ့ဆွေ့၏ပေါင်ပေါ်တွင် ဇိမ်ကျကျအိပ်နေသည်။

ပြုစုစောင့်ရှောက်ပြီးကျွေးမွေးတာဝန်ယူရသူမှာ ခဲ့ကျင်းယန်ဖြစ်သော်လည်း ရှီးရှီးက သူ၏ကစားဖော်ကစားဖက်ဆွေ့ဆွေ့ကိုပို၍ ခင်တွယ်သည်။

"ရှီးရှီး"

ခဲ့ကျင်းယန်မှာစိတ်မရှည်တော့သောကြောင့် အစာသွပ်ဘူးကိုဖွင့်ဖောက်ကာ ထပ်၍အော်ခေါ်လိုက်၏။

လပေါင်းများစွာ ခဲ့ကျင်းယန်ကအစာသေချာကျွေးထားသောကြောင့် ခွေးငပျင်းက မထချင်ထချင်နှင့်ထလာသည်။

ထို့နောက် အမြှီးတနှံ့နှံ့နှင့် ချစ်စဖွယ်မျက်နှာပေးလေးလုပ်ပြလာသည်။ ဆူငေါက်ချင်သည့် ခဲ့ကျင်းယန်၏ စိတ်ကူးတို့မှာလည်းကြက်ပျောက်ငှက်ပျောက်ပင်။

"နောက်တစ်ခါကျရင် ခေါ်တာနဲ့တန်းလာနော် မဟုတ်ရင်အစာငတ်ပြီမှတ်"

ခဲ့ကျင်းယန်တစ်ယောက် ရှီးရှီးအားဆူသလိုလေးပြောလိုက်သည်။

"ပါပါးခဲ့...ရှီးရှီးကပိုဝလာသလိုပဲနော် ဆွေ့ဆွေ့ဖြင့်ချီတောင်မချီနိုင်တော့ဘူး"

ဆွေ့ဆွေ့က ရှီးရှီးအားအစာကျွေးနေသောခဲ့ကျင်းယန်အား ညီးညူပြောဆိုလာ၏။

"ပိုဝလာတော့လုံးလုံးလေးနဲ့ပိုချစ်ဖို့ကောင်းသွားတာပေါ့ ပိုကိုင်လို့လည်းကောင်းတယ်လေ"

သူ့အကြောင်းပြောလို့ပြောမှန်းမသိ ခေါင်းမဖော်တမ်းအစာစားနေသော ဖက်တီးရှီးရှီးကတစ်မျိုးလေးချစ်ဖို့ကောင်းနေပြန်သည်။

"မစ္စတာခဲ့က...ဆွေ့ဆွေ့ရဲ့ခွေးလေးကိုဘာလို့တာဝန်ယူပြီးမွေးပေးထားတာလဲဟင်"

တစ်ဖက်ဆိုဖာပေါ်တွင်ထိုင်နေသော ကုကျန်းနျန့်က ရုတ်တရက်မေးလာသည်။

"မစ္စတာခဲ့ကတစ်ကိုယ်တည်းသမားမလား ပြီးတော့အမြဲတမ်းအလုပ်ရှုပ်နေတာမဟုတ်လား ကျွန်တော်ပဲဆွေ့ဆွေ့လေးနဲ့အတူခွေးလေးကိုဆက်မွေးလိုက်မယ်လေ ကျွန်တော့်ဆီကိုပေးလိုက်လို့ရပါတယ်"

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now