ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

721 84 0
                                    

Chapter 89

"တိမ်မြှုပ်နေသော" ရုပ်ရှင်ကားကြီး၏ ပရိသတ်ကမ်န်ပိန်းတွင် သရုပ်ဆောင်အနုပညာရှင်များနှင့်အနီးကပ်ပြောဆိုဆွေးနွေးရန် ပရိသတ်ငါးဦးကို ကျပန်းရွေးချယ်မည်ဖြစ်မည်။

ရွေးချယ်ခံရသည့်ပရိသတ်များက သူတို့ကြိုက်နှစ်သက်သည့်သရုပ်ဆောင်မင်းသား မင်းသမီးများကို မေးခွန်းများမေးနိုင်သည်။ သို့မဟုတ် အလိုရှိရာသင့်တော်သည့် တောင်းဆိုချက်တစ်ခုပြုနိုင်သည်။

လုချီ၏မိန်းကလေးပရိသတ်တစ်ဦးမှာ စင်ပေါ်သို့တက်လာရန် ပထမဆုံးရွေးချယ်ခံရသူဖြစ်သည်။

စင်ပေါ်သို့တက်လာချိန်တွင် သူ(မ)က သိသိသာသာအလွန်စိတ်လှုပ်ရှားနေသည်။ ထို့နောက် အနည်းငယ်တုန်ယင်နေသော အသံဖြင့်မိုက်ခရိုဖုန်းကိုကိုင်ကာ မေးလာသည်။ "အစ်ကိုလု....အစ်ကို့ရဲ့ စိတ်ကူးထဲကလက်တွဲဖော်မိန်းကလေးက ဘယ်လိုပုံစံလဲဆိုတာ သိချင်ပါတယ်"။

သူ(မ)၏မေးခွန်းကြောင့် စင်အောက်ကပရိသတ်များလည်း အသံကျယ်လောင်စွာထွက်လာသည်။ လုချီ၏အဖြေကိုသိချင်နေကြသောကြောင့် အရှေ့သို့တတ်နိုင်သမျှတိုးကာ နားစွင့်နေကြသည်။

ဤသို့သောမေးခွန်းမျိုးမှာ အိမ်ထောင်မပြုရသေးသော လူပျိုလူလွတ်အနုပညာရှင်များကို ပရိသတ်များကမကြာခဏမေးတတ်သည့်မေးခွန်းမျိုးဖြစ်သည်။

ထို့ကြောင့် ထိုမေးခွန်းမျိုးမေးလာသည့်အခါ လုချီလည်းအံ့သြမနေတော့ပေ။ သူကပြုံးရင်းပြန်ဖြေလိုက်သည်။ "ကျွန်တော်...အဲဒီကိစ္စကိုမစဥ်းစားရသေးဘူး...လောလောဆယ် အနုပညာနဲ့ပတ်သတ်တဲ့အလုပ်တွေပဲ ကျွန်တော့်ခေါင်းထဲမှာအပြည့်ရှိနေတာဆိုတော့...အဲ့လိုတွေစဥ်းစားဖို့ အချိန်မရှိသေးပါဘူး...ညီမအဆင်ပြေရင်...နောက်မေးခွန်းမေးလို့ရပါတယ်"။

"ဒါဆိုမေးမယ်နော်...အစ်ကိုလု...ညီမကရော

အစ်ကို့ရဲ့စိတ်ကူးထဲက လက်တွဲဖော်မိန်းကလေးပုံစံမျိုးဖြစ်ရဲ့လား"။ ထိုမိန်းကလေးက စိတ်အားထက်သန်စွာဖြင့် လုချီအားမေးလာသည်။

ထိုပရိသတ်လေးနှင့်လုချီတို့ စကားအနည်းငယ်ထပ်ပြောပြီးနောက် အချိန်ပြည့်သွားသဖြင့် ရိုက်ကူးရေးအဖွဲ့မှ အထူးတလှယ်ပြင်ဆင်ထားသောလက်ဆောင်များပေးကာ စင်အောက်သို့ဆင်းခိုင်းလိုက်သည်။ ထို့နောက် အခြားအရွေးခံရသည့်ပရိသတ်သုံးယောက်လည်း ၎င်းတို့၏အိုင်ဒေါများနှင့်ဖက်လှဲတကင်းစကားပြောကြပြီး ဓာတ်ပုံများရိုက်ကာ အသီးသီးပြန်ဆင်းသွားကြသည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now