ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

824 96 0
                                    

Chapter 21

လူငယ်နှစ်ဦးChapter 21

လူငယ်နှစ်ဦး တစ်ယောက်လက်တစ်ယောက်တွဲထားကြချိန်တွင် ကျွမ်းကျင်သည့်ဓာတ်ပုံဆရာက ကင်မရာကိုတစ်ဖန်ဖွင့်လိုက်ပြီး ထိုနွေးထွေးသည့်မြင်ကွင်းလေးကို အမိအရရိုက်ယူထားလိုက်သည်။

ကုဆွေ့ဆွေ့က ငယ်လွန်းသေးသောကြောင့် စိတ္ခံစားခ်က္က အမြဲတမ်းအတက်အကျဖြစ်နေသည်။ လွန်ခဲ့သောစက္ကန့်ပိုင်းကမှ သူ(မ)ဘေးရှိအစ်ကိုကြီးက လူဆိုးတစ်ယောက်ဟုခံစားမိသည်။ နောက်စက္ကန့်ပိုင်းလောက်တွင်မူ သူ(မ)ကိုပြန်လာချော့သော ထိုအစ်ကိုကြီးကို အတော်လေးကြင်နာတတ်သောလူကောင်းဟု ထင်နေမိပြန်သည်။

သူ(မ)၏လက်သေးသေးလေးက ခဲ့ကျင်းယန်၏ကြီးမားပြီးနွေးထွေးသည့်လက်ကြီးထဲတွင် နစ်မြှုပ်နေသည်။

ထိုအစ်ကိုကြီး၏ဆံပက်ကလည်း ဆွေ့ဆွေ့တို့အိမ်ဘေးရှိ ဖွားဖွားလီ၏ဆံပင်ပုံစံနှင့်တူနေသည်။

"ဒါနဲ့လေ....ကိုကို....ဒီအစီအစဉ်မှာ သမီးတို့ကသားအဖနေရာနေရမှာဆိုတော့ ရှေ့လျှောက် ကို့ကို့ကို ဖေဖေ ဒါမှမဟုတ် ပါပါးလို့ခေါ်ရမလား"။

နတ်သမီးလေးတစ်ဦးအဖြစ်ရှင်သန်နေထိုင်ခဲ့သော ကလေးငယ်လေးက လူသားမ်ားအား မည်သို့မည်ပုံခေါ်ဆိုရမည်နှင့်ပတ်သတ်၍ အျမဲတေစ ရှုပ်ထွေးလေ့ရှိသည်။ အယ်ဒီယာအစ်မကြီးက ထိုသို့ခေါ်ခိုင်းသောကြောင့်သာ ဆွေ့ဆွေ့ခေါ်ချလိုက်ခြင်းဖြစ်သည်။ မူလခန္ဓာကိုယ်ပိုင်ရှင်၏မိခင်ဖြစ်သူ ဖုန်းယောက်ချင်းကိုလည်း မေမေဟု ဘာဖိအားမှမရှိပဲခေါ်နိုင်ခဲ့သလို ခဲ့ကျင်းယန်ကိုလည်း ဖေဖေဟုခေါ်ဆိုရန် သူ(မ)တုံ့ဆိုင်းမနေပေ။

ဆွေ့ဆွေ့၏အမြင်တွင် နာမည်အခေါ်အဝေါ်က အပြောသက်သက်အတွက်ဖြစ်သည်။ အဓိကအရေးကြီးသည်မှာ သူ(မ)အပေါ် ကောင်းမကောင်းဆိုတာပင်။

သို့သော် ခဲ့ကျင်းယန်အတွက်မူ ကွဲပြားသည်။ "ဖေဖေ" ဟူသောအသုံးအနှုန်းက သူ့အတွက်သွေးတက်ချင်စရာပင်။ ကေလးမေလး၏ အခေါ်အဝေါ်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ကျင်စက်နှင့်တို့လိုက်သလို ခံစားသွားရသည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now