ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

828 91 0
                                    

Chapter 42

တိုင်းပြည်နယ်စပ်အနီးအနားရှိ မြို့ငယ်လေးတစ်မြို့တွင်ဖြစ်သည်။

ဖုန်း၏အခြားတစ်ဖက်အဆုံးမှလူက ဖုန်းကဒ်ကို ထုတ်ယူလိုက်ပြီး ချိုးပစ်ကာ ပစ်ထုတ်လိုက်သည်။ ထို့နောက် သူ့ဘောင်းဘီအိတ်ကပ်မှ နောက်ထပ်ဖုန်းကဒ်တစ်ခုကို ထုတ်လိုက်ကာ ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်သည်။

"တီ" ဟူသောအသံနှစ်ခေါက်လောက်မြည်ပြီးနောက် ဖုန်းဝင်သွားသည်။ သူ့အသံကိုတိုးလိုက်ပြီး အချိန်နှင့်နေရာကို အလျင်အမြန်ပြောလိုက်သည်။ ထို့နောက် စကားစမပြတ်သေးခင် ဖုန်းချလိုက်သည်။

မနီးမဝေးရှိ လမ်းမီးတိုင်၏ ကျိုးတဲကျိုးတဲအလင်းရောင်က ထိုလူပေါ်တွင် အလင်းမပေးနိုင်ချေ။ အမှောင်ထုထဲတွင် ထိုလူက သူ့နှုတ်ခမ်းကို အသာအယာစေ့ထားပြီး အေးတိအေးစက်မျက်နှာချောချောတွင် စိတ်ခံစားချက်အရိပ်အယောင်တစ်စုံတစ်ရာမှ မရှိပေ။

သူအသုံးပြုပြီးသောဖုန်းကဒ်ကိုလည်း ဖျက်ဆီးလိုက်ပြီး နေရာပြောင်းကာ လွှတ်ပစ်လိုက်သည်။

အားလုံးရှင်းထုတ်ပြီးသောအခါ သူ့အင်္ကျီ၏အတွင်းအလွှာမှ ဓာတ်ပုံတစ်ပုံကို ဂရုတစိုက်ထုတ်လိုက်သည်။ သူ၏ထင်ရှားသော လက်ဆစ်များကရှင်းသန့်နေပြီး အနည်းငယ်အဖြူရောင်သန်းနေသည်။ သူ့ညာဘက်လက်ညှိုးပေါ်တွင် အသားမာလေးတက်နေသည်။

သူထုတ်လိုက်သောဓာတ်ပုံက လသားအရွယ်ကလေးလေး၏ ဓာတ်ပုံတစ်ပုံဖြစ်သည်။ ဓာတ်ပုံကို ကောင်းကောင်းထိန်းသိမ်းထားကြောင်း မြင်လိုက်ရုံနှင့်သိနိုင်သည်။ ဓာတ်ပုံထောင့်များက နဂိုအတိုင်းရှိနေပြီး အဖြူရောင်တင်ထားသည်။

တစ်ခဏမျှစောင့်နေလိုက်ပြီး အချိန်ပြည့်ခါနီးတွင် အစောင့်အကြပ်အားလုံးကိုတမင်တကာ ရှောင်ကွင်းကာ အနီးအနားရှိ အများပြည်သူပိုင်နေရာအျားနှင့်လမ်းဆုံများကို ဖြတ်သွားရင်း နောက်ဆုံးတွင် စက်ရုံအလွတ်တစ်ခုအနီးသို့ရောက်လာသည်။

"ပစ္စည်းတွေကို လက်ခံတဲ့သူဘယ်တော့ရောက်လာမလဲ"။ စုတ်ဖွားဖွားနှင့်သက်လတ်ပိုင်းအရွယ်ရှိလူကြီးတစ်ယောက်က တိုးညှင်းသေယလေသံဖြင့်ပြောလာသည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now