ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

818 93 0
                                    

Chapter 22

ရသစုံရှိုးအကြိုရုပ်ရှင်ရိုက်ကူးခြင်းကို တနင်္လာနေ့မနက်ပိုင်းတွင် ယာယီရပ်နားလိုက်သည်။ ရိုက်ကူးရေးအပြီးတွင် ဝန်ထမ်းတစ်ယောက်က ကုဆွေ့ဆွေ့အားသီးသန့်အင်တာဗျူးရန် လာခေါ်သည်။

"ဟုတ်ပြီ...ဒီနေ့ အင်တာဗျူးကတော့ ဒီလောက်ပါပဲ....သမီးမေမေနဲ့အိမ်ပြန်လို့ရပြီနော်....မီးမီးလေးက ဒီနေ့ကောင်းကောင်းအလုပ်ကြိုးစားခဲ့တာပဲ"။ ဝန်ထမ်းက အပြုံးလေးဖြင့်ပြောလာသည်။

ရိုက်ကူးရေးအဖွဲ့က အကြိုရုပ်ရှင်တွင် ကလေးငါ်များနှင့်မိဘများ၏သီးသန့်အင်တာဗျူးကို ထည့်သွင်းလိုသောကြောင့် အစီအစဉ်တွင်ပါဝင်သည့် ဧည့်သည်တိုင်း သီးသန့်စီပြန်လည်ရိုက်ကူးရေးလုပ်ရသည်။

ကေလးအမ်ားစုက အလွန်ငယ်ရွယ်သော

ကြောင့် အင်တာဗျူးဖြေရာတွင် သူတို့၏အေတြး သူတို့၏ဆန္ဒများတွင် လွယ်လွယ်ကူကူမဖြေတတ်ကြပေ။ သို့သော် ကုဆွေ့ဆွေ့က လူကြီးလေးတစ်ယောက်ကဲ့သို့ အက်တာဗျူးကို အေးအေးဆေးဆေးပင်ဖြေပြသွားခဲ့သည်။

သီးသန့်အင်တာဗျူးပြီးနောက် ဖုန်းယောက်ချင်းနှင့်ဆွေ့ဆွေ့ကို အိမ်ပြန်ပို့ရန် ရိုက်ကူးရေးအဖွဲ့က ကားလွှတ်ပေးသည်။

ဤတစ်ခေါက်တွင် အကြိုအပို့တာဝန်ယူထားသူမှာ ရိုက်ကူးရေးဝန်ထမ်းများထဲမှတစ်ဦးဖြစ်

သည့် ထန်းကျူပင်ဖြစ်သည်။ သူ(မ)က ဖုန်းယောက်ချင်းအား ရိုက်ကူးရေးအဖွဲ့မှစာရင်းထုတ်ထားသော ကြိုတင်ကာကွယ်မှုစာရင်းကို ပေးလိုက်သည်။ ရသစုံရှိုးရိုက်ကူးရေးလုပ်မည့်နှစ်ရက်အတွင်း စီရွှမ်မြို့ဟောင်း၏ရာသီဥတု

နှင့် နှစ်ရက်အတွင်းအမြင့်ဆုံးဒေသအတွင်းအပူချိန်များကိုကိုပါဖော်ပြထားသည်။ ထို့နောက် သူ(မ)က ဖုန်းယောက်ချင်းအား ပြောလာသည်။ "ဆွေ့ဆွေ့အမေ....ကလေးအတွက် ပစ္စည်းပစ္စယတွေကို ဒီထဲကအတိုင်းပြင်ဆင်ပေးလို့ရပါတယ်....အဝတ်အစားတွေ အများကြီးလည်းသိပ်မလိုပါဘူး.....ဒီတစ်ခေါက်ရိုက်ကူးရေးက စီရွှမ်မြို့ဟောင်းမှာနှစ်ညအိပ်ရမယ်ဆိုတော့ မြို့တော်ကို စနေနေ့ နေ့လည်ခင်းလောက်မှာပြန်ရောက်မှာပါ"။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now