ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

752 88 0
                                    

Chapter 63

"ဟေး....မတွေ့ရတာကြာပြီနော်....အစ်ကို့ကိုလွမ်းနေရဲ့လား"။ လုချီက သူ့ဘေးတွင်ရပ်နေသော ကလေးမလေးကိုပွေ့ဖက်ပြီး အပြုံးလေးဖြင့်ပြောလိုက်သည်။

"တိမ်မြှုပ်နေသော" ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးပြီးဆုံးသွားချိန်မှစ၍ လုချီနှင့်ကုဆွေ့ဆွေ့တို့ တစ်ယောက်နှင့်တစ်ယောက်မတွေ့ရ

သည်မှာ နှစ်လနီးပါးခန့်ရှိနေပြီဖြစ်သည်။

ကုဆွေ့ဆွေ့က လုချီ၏ဘယ်ဘက်ပါးလေးကို

သူ(မ)၏ညာဘက်ပါးလေးဖြင့် ပွတ်သပ်လိုက်ရင်း တခစ်ခစ်ရယ်ကာပြန်ပြောလာသည်။ "လွမ်းတာပေါ့....ကိုကိုရဲ့"။ ချစ်စဖွယ်ကောင်းလွန်း

သည့်ကလေးမလေး၏ပါးမို့မို့နှစ်ဖက်ကို လုချီ

ခပ်ဖွဖွလေးဆွဲညှစ်လိုက်မိသည်။

လုချီနှင့်ကုဆွေ့ဆွေ့တို့နှစ်ဦးသား အပြန်အလှန်နှုတ်ဆက်ပြီးနောက် ဘေးတွင်ရပ်နေသည့်

လုယွင်ကျီထံသို့အာရုံပြန်ရောက်လာကာ နှုတ်ဆက်စကားဆိုလိုက်သည်။ ကုဆွေ့ဆွေ့က ယနေ့တွင် "တိမ်မြှုပ်နေသော" ရုပ်ရှင်ဇာတ်ကားကြီးကို ကြော်ငြာရန်အတွက် ပါဝင်ရိုက်ကူးသည့်အခြားသရုပ်ဆောင်များနှင့်အတူ ဤနေရာသို့ရောက်နေခြင်းဖြစ်သည်။ ကုဆွေ့ဆွေ့အနေဖြင့် ဤသို့သော ပြည်သူလူထုရှေ့ကိုယ်တိုင်ပရိုမိုးရှင်းဆင်းသည့်လှုပ်ရှားမှုမျိုးတွင် ပထမဆုံးအကြိမ်ပါဝင်ဖူးခြင်းပင်။ လက်ထောက်တစ်ယောက်တည်းနှင့်ဆွေ့ဆွေ့အားစိတ်မချသောကြောင့် လုယွင်ကျီကိုယ်တိုင်လိုက်လာခြင်းဖြစ်သည်။

ယနေ့ပွဲတွင် ကုဆွေ့ဆွေ့ဝတ်လာသည့်အဝတ်အစားမှာ သူကိုယ်တိုင်ဂရုတစိုက်ရွေးချယ်ပေးထားသည့် navf အမှတ်တံဆိပ် ကလေးအဝတ်အစားအတွဲထဲမှ အဖြူရောင်ဝတ်စုံလေးဖြစ်သည်။

ထိုအချိန်တွင် တစ်ဖက်က "မတော်တဆတွေ့ဆုံခြင်း" ဇာတ်လမ်းတွဲရိုက်ကူးရေးအဖွဲ့မှာလည်း....

"အား...ကောဖန်လင်း....နင်နာမည်မှားပြောတာတော့မဟုတ်ပါဘူးနော်....တကယ်ပဲ ကုဆွေ့ဆွေ့လား...ကုဆွေ့ဆွေ့က ငါတို့ရဲ့ဇာတ်လမ်းတွဲထဲမှာ သရုပ်ဆောင်မှာတဲ့လား"။ မထင်မှတ်ထားသည့်သတင်းကောင်းကိုကြားလိုက်ရသောကြောင့် ဇာတ်လမ်းတွဲ၏ဇာတ်လိုက်မင်းသမီးဖြစ်သည့် ကျုံးရှန်တစ်ယောက် အလွန်အမင်းစိတ်လှုပ်ရှားသွားရသည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now