ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

554 70 0
                                    

Chapter 148

သူ့သမီးလေး၏အပြစ်ကင်းစင်ပြီးမျှော်လင့်ချက်ပြည့်နေသောမျက်ဝန်းများကိုကြည့်ပြီး ကုကျန်းနျန်တစ်ယောက်နှုတ်ခမ်းပါးကိုတင်းတင်းစေ့လိုက်မိသည်။ နှလုံးသားတစ်နေရာတွင် ခါးသီးမှုတို့ ရုတ်ချည်းဝင်ရောက်လာသည်။

နှစ်ပေါင်းများစွာကြာအောင် လူယုတ်လူညံ့များကြားတွင် သွေးအညစ်အပတ်များအစွန်းအထင်းခံပြီး နေလာခဲ့သည်။ ထိုအခိုက်အတန့်များတွင်ပင်လျှင် အကြောက်အလန့်စိုးစဥ်းမျှမရှိခဲ့ပေ။

သို့သော် သမီးလေး၏ရိုးရိုးရှင်းရှင်းမေးခွန်းက

သူ့အားအကြောက်တရားများဖြင့်လွှမ်းမိုးသွားစေသည်။

ယွင်နန်တွင်ရှိနေချိန်အတွင်း သမီးဖြစ်သူကိုအန္တရာယ်တွင်းထဲဆွဲခေါ်မိမည်စိုးသောကြောင့် သွားပင်မတွေ့ရဲခဲ့ချေ။ အမြဲတမ်းပုန်းရှောင်ကာထွက်ပြေးနေခဲ့မိသည်။ ဖခင်ကောင်းတစ်ယောက်၏ တာဝန်ကို ဘယ်သောအခါမှမကျေပွန်ခဲ့ပေ။

သူဘယ်သူ့ကိုမှလည်းအပြစ်မတင်နိုင်ပေ။ ဒီကိစ္စအားလုံးဖြစ်စေခဲ့သည့်အကြောင်းရင်းက သူကိုယ်တိုင်ဖြစ်နေသောကြောင့်ပင်။

ကုဆွေ့ဆွေ့က လူတစ်ယောက်၏ခံစားချက်အပြောင်းအလဲကိုအာရုံခံနိုင်သည့်အလျောက် စိတ်ဓာတ်ကျညှိုးငယ်သွားသော သူမဖေဖေ၏ခံစားချက်ကို ရိပ်မိလိုက်၏။

ထို့ကြောင့် အတတ်နိုင်ဆုံးမျက်နှာကိုပြင်ပြီးပြုံးပြလိုက်ကာစကားစလိုက်သည်။

"ဦးဦး...သမီးကစလိုက်တာပါ"

"မေမေက...ဖေဖေ့အကြောင်းပြောတဲ့အခါတိုင်း ဖေဖေကအရမ်းချောတယ်ဆိုပြီးအမြဲတမ်းပြောတယ် သမီးကလည်းဖေဖေ့ကိုတစ်ခါမှမမြင်ဖူးတော့ ဦးဦးကိုမြင်လိုက်တဲ့အချိန်မှာ သမီးဖေဖေလည်း ဦးဦးနီးပါးချောမှာပဲဆိုပြီးတွေးမိလို့ပါ"

ကလေးငယ်၏စကားကြောင့်သူ့ရင်ဘတ်တစ်နေရာတွင် တင်းကျပ်သွားရ၏။

"သမီးရဲ့မေမေက....သမီးအပေါ်ကောင်းရဲ့လား"

"ဒါပေါ့ဦးဦးရဲ့ မေမေကသမီးကိုအရမ်းချစ်တာ ကမ္ဘာပေါ်မှာအကောင်းဆုံးအမေပဲ အင်း...ဖေဖေလည်းသမီးကိုချစ်လောက်မှာပါ"

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now