ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

813 93 0
                                    

Chapter 30

"ဘယ်ရသစုံရှိုးမှာ နင်ပါတာလဲ"။ စုယွီချင်းတစ်ယောက် ဆရာမပေးလိုက်သည့်တစ်ပတ်အတွင်းအပြီးလုပ်ရမည့်အိမ်စာများကိုလုပ်နေရင်း ကုဆွေ့ဆွေ့ကိုလှမ်းမေးလိုက်သည်။

တစ်အောင့်လောက်အကြာတွင် ကုဆွေ့ဆွေ့ကအစီအစဉ်နာမည်ကိုပြောပြလာသည်။ သို့သော် စုယွီချင်းကစာမပြန်ပေ။

ဆွေ့ဆွေ့လည်း စုယွီချင်းအလုပ်ရှုပ်နေသောကြောင့်ဟု ထင်လိုက်သည်။

တစ်ဖက်တွင် စုယွီချင်းကတမင်တကာစာမပြန်ခြင်းဖြစ်သည်။ သူ(မ)ဘာပြန်ရေးရမှန်းမသိသောကြောင့်ပင်။

ကုဆွေ့ဆွေ့က လွန်ခဲ့သောနှစ်ရက်လုံးလုံးရသစုံရှိုးရိုက်ကူးနေခဲ့သည်လား။

စုယွီချင်းတစ်ယောက် သံသယအပြည့်ဖြင့် ဝေဘိုကိုအမြန်ဖွင့်ကြည့်လိုက်သည်။ #ကလေးငယ်နှင့်ခရီးသွားခြင်း ဟူသည့်ခေါင်းစဉ်ဖြင့် ရေပန်းအစားဆုံးရှာဖွေမှုစာရင်းတွင်ရောက်နေသည်ကိုတွေ့လိုက်ရသည်။ ထိုရှိုးတွင်ပါဝင်သည့်ဧည့်သည်အနုပညာရှင်စာရင်းကိုကြည့်လိုက်သည့်အခါ မိဘများ၏အမည်သာပါဝင်ပြီး ကလေးအမည်များကိုမရေးထားချေ။

သို့သော် ထိုရှိုးတွင်ပါဝင်သောကလေးများနှင့်ပတ်သတ်သည့်ပို့စ်တစ်ခုကိုတွေ့လိုက်ရသောကြောင့် စုယွီချင်းကြည့်လိုက်သည်။ ထိုပုံထဲတွင် ခဲ့ကျင်းယန်က ကလေးနှစ်ယောက်ကိုလက်တွဲထားပြီး ထိုကလေးနှစ်ယောက်ထဲမှတစ်ယောက်မှာ ကုဆွေ့ဆွေ့ဖြစ်သည်။

ယခုလက်ရှိဘဝတွင်ကုဆွေ့ဆွေ့က ဖုန်းယောက်ချင်း၏သမီးဖြစ်ပြီး "တိမ်မြှုပ်နေသော" ရုပ်ရှင်ကားကြီးတွင်ပါဝင်ခဲ့သည်မှလွဲ၍ အျခားအရာမ်ားမွာ အတိတ်ဘဝနှင့်မတူတော့ပေ။

ကုဆွေ့ဆွေ့၏အကျင့်စရိုက် ၊ စကားပြောသည့်လေသံအားလုံးက အတိတ်ဘဝတွင်သူ(မ)သိခဲ့သော ကုဆွေ့ဆွေ့နှင့်တခြားစီပင်ဖြစ်သည်။

ပြန်လည်မွေးဖွားခြင်းက အရာအားလုံးကို အမှန်တကယ်ပဲ ပြောင်းလဲသွားစေသည်လား။

သို့သော် ပြန်လည်မွေးဖွားပြီးနောက် ပထမဆုံးအကြိမ်အနေနှင့် စုယွီချင်းဇဝေဇဝါဖြစ်မိသွားသည်။ သူ(မ)ပြန်လည်မွေးဖွားလာခဲ့စဉ်က ရည်ရွယ်ချက်ပန်းတိုင်များခိုင်မာနေခဲ့သည်။ ရုပ်ရှင်ရိုက်ခြင်းအစရှိသည့် သူ(မ)လုပ်ချင်သောအရာများကိုလုပ်ဆောင်ပြီး နောင်တမရှိပဲဘဝကိုရှင်သန်သွားရန်နှင့် အတိတ်တွင်သူ(မ)အားနာကျင်စေခဲ့သည့် ကုဆွေ့ဆွေ့နှင့်အခြားသူများကို လက်စားချေရန်စိတ်အားထက်သန်နေခဲ့သည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးOnde histórias criam vida. Descubra agora