ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

887 107 0
                                    

Chapter 8

နောက်တစ်နေ့နံနက်ခင်းစောစောတွင် ဖုန်းရလာသောကုဆွေ့ဆွေ့က ပျော်ရွှင်စွာဖြင့် လုချီထံသို့ချဉ်းကပ်လာသည်။

"အစ်ကိုလုချီ မေမေကသမီးကိုဖုန်းအသစ်တစ်လုံးဝယ်ပေးတယ် ၊ ဝီချက်မှာတစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းလုပ်ထားရအောင်"

သူ(မ)၏ဝါဖျော့ဖျော့မျက်ဝန်းတစ်စုံနှင့် ပေကလတ်ပေကလတ်လုပ်နေကာ ရိုးသားမှုတို့ပြည့်နှက်နေသော အဖြူအနက်မျက်လုံးလေးများက လူတိုင်းကိုမငြင်းဆန်နိုင်အောင်လုပ်နေသယောင်ပင်။

လုချီကလည်း ဆွေ့ဆွေ့၏စကားကိုငြင်းဆိုရန် မည်သည့်အခါမှ မတွေးခဲ့ချေ။

လုချီကသူ၏ဖုန်းကိုထုတ်လိုက်ကာ သိလိုစိတ်ပြင်းပြစွာဖြင့်မေးလိုက်သည်။ "ဆွေ့ဆွေ့ ရိုက်ကူးရေးအဖွဲ့ထဲမှာ အစ်ကိုကသမီးရဲ့ဝီချတ်မှာ သူငယ်ချင်းဖြစ်ခွင့်ရတဲ့ ပထမဆုံးသူလား?"

ကုဆွေ့ဆွေ့က "ဒါပေါ့" ဟူသောမျက်နှာအမူအရာမျိုးလုပ်ပြလိုက်သည်။ လုချီကဆွေ့ဆွေ့၏ထိုအမူအရာလေးကိုတွေ့လိုက်ရသောအခါ ချက်ချင်းပင်ပျော်မြူးသွားတော့သည်။ ဆွေ့ဆွေ့အားတစ်ချိန်လုံး မုန့်ပဲသရေစာများနှင့်အသီးအနှံများကျေွးရန် သူ့လက်ထောက်အားစီစဉ်ခိုင်းခဲ့သည်က အချည်းနှီးဖြစ်သွားလိမ့်မည်ဟု သူထင်ခဲ့သည်။ သို့သော် အမှန်တကယ်တွင် အလကားသက်သက်မဖြစ်ခဲ့ပေ။

ကလေးမလေး၏စိတ်နှလုံးထဲတွင် သူကမည်မျှအရေးကြီးသည်ကိုသဘောပေါက်သွားသောအခါ လုချီကသူ့နှုတ်ခမ်းကိုအနည်းငယ်ပင့်တင်လိုက်ရင်း ဆွေ့ဆွေ့က ကျူအာကုတ်ကို စကန်ဖတ်ပြီး ဝီချတ်ထဲသို့ထည့်လိုက်ကာ မှတ်ချက်တွင် "အစ်ကိုလုချီ" ဟုပြောင်းလဲမှတ်သားလိုက်သည်ကို ကျေနပ်အားရစွာကြည့်နေမိသည်။

"သမီးကိုဝီချက်တစ်ခုထဲနဲ့အဆက်အသွယ်လုပ်ဖို့က အဆင်မပြေဘူး ၊ အစ္ကိုကသမီးကို အစ်ကို့ရဲ့ဖုန်းနံပါတ်ပေးလိုက်မယ်" ။

ထို့နောက် လုချီက ဆွေ့ဆွေ့အား သူ၏ကိုယ်ပိုင်ဖုန်းနံပါတ်ကိုပေးလိုက်သည်။

ဤရုပ်ရှင်အသိုင်းအဝိုင်းရှိလူတော်တော်များများက လုချီ၏ဖုန်းနံပါတ်ကိုမသိကြပေ။ လုချီကိုယ်တိုင်လည်း တစ်နေ့တွင် သူ့ဖုန်းနံပါတ်အား သုံးနှစ်အရွယ်ကလေးမလေးကို ပေးလိုက်လိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now