ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

735 89 0
                                    

Chapter 73

ကုဆွေ့ဆွေ့က အပေါ်ဝတ်ဂျက်ကတ်အင်္ကျီမဝတ်ထားသော်လည်း နေကာဝတ်စုံပါးပါးလေးကိုဝတ်ထားသည်။ ခဲ့ကျင်းယန်က ကုဆွေ့ဆွေ့၏ဆံပင်များကို လက်ဖြင့်အသာအယာဖွရင်း ပန်းရောင်ဦးထုပ်လေးကိုဆောင်းပေးလိုက်သည်။ "ကဲ....ရပြီ....ဒီလိုဦးထုပ်လေးဆောင်းထားရင်....ခေါင်းပေါ်ကိုပိုးကောင်တွေကျလာမှာစိတ်ပူစရာမလိုတော့ဘူး"။

ကုဆွေ့ဆွေ့က သူ(မ)ကိုယ်သူ(မ)မှန်ထဲတွင်ပြန်ကြည့်ရင်း အတော်လေးကျေနပ်အားရနေမိပြီး ခန္ဓာကိုယ်တစ်ပတ်ပင်လှည့်လိုက်သေးသည်။

တောထဲတွင် တစ်နေရာစီခွဲထားသော သေတ္တာခြောက်ခုရှိနေသည်။ သူတို့ဆယ်ယောက်လုံးတစ်စုတစ်စည်းတည်းလမ်းလျှောက်သွားသည့်အရှိန်မှာနှေးလွန်းသောကြောင့် နောက်ဆုံးတွင်လူခွဲပြီးသွားရန်ဆုံးဖြတ်လိုက်သည်။ ခဲ့ကျင်းယန် ၊ ကုဆွေ့ဆွေ့ ၊ ချန်းရီနှင့်ချန်ချင်းယန်တို့မှာလေးယောက်တစ်ဖွဲ့ဖြစ်ပြီး ချွီမင်းရှန် ၊ ချွီရွှဲ့ယွမ်

လင်းယို ၊ လင်းတုံတုံ ၊ ကျန်းဟွီကျင်းနှင့်ဟုန်းလင်းအာတို့မှာ ခြောက်ယောက်တစ်ဖွဲ့ဖြစ်သည်။

သူတို့နောက်တွင် ခြေတံတိုတိုလေးများဖြင့် မနည်းလိုက်နေသည့်ချစ်စဖွယ်ကလေးမလေးကိုကြည့်ကာ ချန်းရီက သူ့သားဖြစ်သည့်ချန်ချင်းယန်အားပြောလိုက်သည်။ "ချင်းယန်....ညီမလေးကိုဂရုစိုက်နော်...ချော်မလဲစေနဲ့"။

ချန်ချင်းယန်က ကလေးများထဲတွင်အကြီးဆုံးဖြစ်ပြီး အကျိုးအကြောင်းဆင်ခြင်တတ်သောကြောင့် သိပ်ပြောနေစရာမလိုပေ။ ဖခင်ဖြစ်သူကိုအလိုက်သိစွာခေါင်းညိမ့်ပြပြီး ရိုကျိုးစွာနာခံသည်။ "ညီမလေးဆွေ့ဆွေ့....တောင်တက်လမ်းတွေက အရမ်းချော်တယ်...ထိန်းပြီးသွားနော်...ချော်လဲမှာစိုးရင် ကိုကို့လက်ကိုဆွဲထား"။

ကုဆွေ့ဆွေ့က သဘောကျဟန်ဖြင့်တခစ်ခစ်ရယ်ရင်း ပြန်ပြောလာသည်။ "ကျေးဇူး...ကိုကိုချင်းယန်...ကိုကိုကအကောင်းဆုံးပဲ"။ လက်ချင်းတွဲကာ ဖြေးဖြေးချင်းလျှောက်နေကြသည့် ကလေးနှစ်ယောက်ကိုကြည့်ပြီး ခဲ့ကျင်းယန်လည်းချန်းရီဘက်သို့လှည့်ကာပြောလိုက်သည်။ "အနီးဆုံးနေရာကနေ....စရှာကြတာပေါ့"။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now