ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

743 78 2
                                    

Chapter 115

ကြော်ငြာရိုက်ကူးရေးပထမနေ့က အဆင်ပြေချောမွေ့စွာဖြင့် ပြီးဆုံးသွားသည်။

ဖုယင်းယွီက ဆွေ့ဆွေ့၏လက်ထောက်ဖြစ်သူရှန်ယွမ်အား ရိုက်ကွင်းနေရာမေးကာ ရိုက်ကူးရေးမပြီးခင် တစ်နာရီခန့်ကြိုရောက်ပြီးစောင့်နေသည်။ သို့သော် သူမကားထဲမှချက်ချင်းမထွက်သေးပေ။ ရိုက်ကူးရေးအပြီးသတ်ကာ ပစ္စည်းပစ္စယများသိမ်းနေချိန်မှ သူမအထဲသို့ ဝင်သွားလိုက်သည်။

"မမဖု...မမရောက်လာတာမြန်လိုက်တာ အခုမှ ရှုတင်ပြီးကြောင်းပြောပြီးမမကိုဖုန်းဆက်တော့မလို့"

"ဆွေ့ဆွေ့လေး...သွားကြစို့ မမက သမီးကိုအရသာရှိတဲ့အစားအသောက်တွေ တစ်ဝကြီးဝယ်ကျွေးမှာ အခုသွားမဲ့စားသောက်ဆိုင်မှာ သမီးကြိုက်တဲ့ စတော်ဘယ်ရီပူတင်းလည်းရှိတယ်"

ကလေးငယ်၏ခေါင်းကိုဖွဖွလေးပွတ်သပ်ကာ သူမနူးညံ့စွာပြောလိုက်သည်။

"အိုခေ...သွားကြရအောင်"

ဆွေ့ဆွေ့က စိတ်လှုပ်ရှားစွာဖြင့်ပြောလာ၏။

လူများအာရုံစိုက်မခံရအောင် နေကာမျက်မှန်တပ်ထားသော ဖုယင်းယွီကိုလုယွမ်ကျစ်တစ်ချက်လှမ်းကြည့်လိုက်မိသည်။ သို့သော် ဘာမှတော့ဝင်မပြောချေ။ ဆွေ့ဆွေ့ကိုသာလှမ်းနှုတ်ဆက်လိုက်သည်။

"ကဲ...ဒီနေ့ဆွေ့ဆွေ့လေးပင်ပန်းသွားပြီဆိုတော့ မမနဲ့ကောင်းကောင်းပျော်ခဲ့နော် အိမ်ပြန်တော့နောက်မကျစေနဲ့ပေါ့"

ဖုယင်းယွီနှင့်ဆွေ့ဆွေ့တို့နှစ်ယောက်ကြားဆက်ဆံရေးကို လုယွမ်ကျစ်နားမလည်နိုင်ခဲ့ပေ။ ဆွေ့ဆွေ့က လူတိုင်းနှင့်အလိုက်အထိုက်ဆက်ဆံတတ်ကာ လူချစ်လူခင်ပေါသော်လည်း ဖုယင်းယွီကမူ ဆွေ့ဆွေ့နှင့်ဆန့်ကျင်ဘက်ပင်။ ဖုယင်းယွီ၏အေးတိအေးစက်နိုင်သောအကျင့်စရိုက်ကြောင့် လူအတော်များများက သူမကိုရှောင်ကြ၏။

ကိုင်တွယ်ရအခက်ဆုံးအနုပညာရှင်နှစ်ယောက်ကိုပြပါဆိုလျှင် ခဲ့ကျင်းယန်နှင့်ဖုယင်းယွီကိုပြရပေလိမ့်မည်။ သို့သော်ခဲ့ကျင်းယန်က စိတ်မြန်လက်မြန်ရှိကာ တစ်ဇွတ်ထိုးတစ်ဇောက်ကန်းဆန်သလောက် သူ့ကိုထိန်းချုပ်နိုင်မည့်နည်းလမ်းရှိသေးသည်။ ဖုယင်းယွီကမူ အေးစက်တည်ငြိမ်ပြီးခက်ထန်၏။ သူမ၏အတွင်းစိတ်နှင့်အတွေးတွေကိုဖတ်နိုင်ရန်လည်းခက်ခဲလှသည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now