ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

965 111 1
                                    

Chapter 6

ကေလးမေလးက သူ(မ)၏မျက်ရှည်ရှည်များပေါ်တွင် မျက်ရည်စလေးများတွဲလဲခိုနေကာ မော့ကြည့်လာသည်။ သူ(မ)မျက်တောင်ခတ်လိုက်သောအခါ မျက်ရည်များက လုချီ၏လက်ဖမိုးပေါ်သို့ ပေါက်ခနဲ ကျလာသည်။

ဤသည်မှာ ဖူရင်းယွီတစ်ယောက် သူ(မ)မလာခင်ကပင် စိတ်ကူးထားခဲ့သော အခြေအနေနှင့် တစ်ထပ်တည်း တူညီသည်။ ရှောင်ကွီဘို၏ အရည်ရွှန်းလဲ့နေသော မျက်လုံးဝိုင်းများက ယခုတော့ယုန်လေးတစ်ကောင်ကဲ့သို့ နီရဲနေပြီး အလွန်သနားစဖွယ်ကောင်းလှသည်။

"မမလွလွ ဒါအို...." ကုဆွေ့ဆွေ့၏အသံက အနည်းငယ်ဆို့နင့်နေသေးသည်။ တစ်ကယ်တမ်းတွင် သူ(မ)တစ်ချိန်လုံးငိုမနေချင်ပါ။ သို့သော် သူ(မ)မျက်ရည်တွေမကျတော့အောင် ရပ်တန့်လို့မရနိုင်ပေ။

သူမချိုချဉ်တစ်ခုကိုမတွေ့ခင်အချိန်အထိဖြစ်သည်။

သူ(မ)၏မျက်ရည်များက အလျင်အမြန်တိတ်သွားသည်။ ဤနည်းလမ်းကအသုံးဝင်သည်ကို လုချီသိသွားသောအခါ ပျော်ရွှင်သွားပြီး စိတ္သက္သာရာရကာ သက်ပြင်းလေးတိတ်တခိုးချလိုက်မိသည်။ "ဆွေ့ဆွေ့နောက်ဆုံးတော့အငိုတိတ်သွားပြီပေါ့"

ဤကလေးလေးသာ ဆက်ပြီးငိုနေမည်ဆိုလျှင် လူကြီးတစ်ယောက်အနေနှင့် သူလည်း ထိုကလေးနှင့်အတူ လိုက်ငိုမိမည်ဖြစ်သည်။

မျက်စိရှေ့တွင်နူးညံ့ပြီး ချစ်စရာကောင်းသော

မုန့်လုံးလေးငိုနေသည်ကို မည်သူကခံနိုင်လိမ့်မည်နည်း။

လုချီ: "ချိုချဉ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...."

"အိုး ကျေးဇူးတင်စရာမလိုပါဘူး ၊ ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေသွားအောင် လုပ်တဲ့ကိစ္စပဲလေ" ။ သူ(မ)အဘယ်ကြောင့် စပ်စုမိသွားမှန်း သိချင်မိသော်လည်း လုပ်မိသွားခဲ့ပြီးဖြစ်သည်။ အခြားသူများကိုလည်း သူ(မ) ဘာမှရှင်းပြနေစရာမလိုပေ။

ဖူရင်းယွီ၏စိတ်နေသဘောထားက အေးစက်စက်နိုင်လွန်းသည်။ သူ(မ)က ချိုချဉ်များပေးထားခဲ့ပြီး လှည့်ထွက်သွားလိုက်သည်။ လူများနှင့်ပင် သူ(မ)လုံးဝ စကားမပြောချင်ပေ။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now