ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

692 75 1
                                    

Chapter 104

'ကြယ်ပွင့်များကိုအင်တာဗျူးခြင်း' အစီအစဥ်က တိုက်ရိုက်ထုတ်လွှင့်ပြသသည့် အစီအစဥ်တစ်ခုဖြစ်ပြီး အချိန်နှင့်တစ်ပြေးညီလိုက်မီနေသော အင်တာဗျူးဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်သည့်အင်တာဗျူးစသည်နှင့်

အွန်လိုင်းပေါ်ရှိကြည့်ရှုသူအရေအတွက်မှာ ခုနစ်သိန်းအထိ တဖြေးဖြေးတိုးလာသည်။ နည်းပညာအဖွဲ့၏အပြင်အဆင်ကောင်းမွန်မှုကြောင့် လူပေါင်းများစွာတစ်ချိန်တည်းဝင်လာသော်လည်း တိုက်ရိုက်ထုတ်လွှင့်မှုက ချောချောမွေ့မွေ့နှင့်ပင်ဖြစ်သည်။

ဆိုဖာပေါ်တွင်ထိုင်ကာ အင်တာဗျူးရန်အသင့်ဖြစ်နေသည့် ကုဆွေ့ဆွေ့ကမူ တိုက်ရိုက်ထုတ်

လွှင့်နေသည်ကိုသတိမထားမိဘဲ မျက်လုံးလေးကလယ်ကလယ်နှင့် ငြိမ်ငြိမ်လေးနေနေ၏။

ဘေးတစ်ဖက်တွင်ထိုင်နေသောအစီအစဥ်တင်ဆက်သူက ပြုံးရင်းပြောလာသည်။

"ဆွေ့ဆွေ့...သမီးလေးက ရိုက်ကူးရေးအဖွဲ့ထဲမှာပါရတာကို တကယ်သဘောကျပုံပဲနော်"

"ရိုက်ကူးရေးအဖွဲ့ထဲမှာဆိုရင် ကိုကိုမမချောချောလေးတွေကို နေ့တိုင်းတွေ့နေရမှာပဲ အဲဒီကိုကိုမမတွေထဲကမှ ဘယ်သူကအချောဆုံးလို့ သမီးထင်လဲ"

ထိုမေးခွန်းကို ကုဆွေ့ဆွေ့တကယ်မဖြေတတ်ပါ။

သူမ၏အမြင်တွင် ကိုကိုမမအားလုံးက ညီတူမျှတူချောမောကြသည်။ မည်သူက အချောဆုံးမှန်း သူမ မရွေးတတ်ပေ။

ထို့ကြောင့် သူမ တစ်ခဏမျှစဥ်းစားပြီး စိတ်ရင်းအမှန်အတိုင်းပြောလိုက်သည်။

"ကိုကိုတွေ မမတွေအကုန်လုံးက အရမ်းချောကြတယ်လို့သမီးထင်တယ်"

အစီအစဥ်တင်ဆက်သူက ကလေးငယ်ကိုမေးခွန်းများထပ်မေးပြန်သည်။

"ဆွေ့ဆွေ့လေးက အရမ်းလှတာဆိုတော့ ငယ်ငယ်တည်းက

လူတွေအများကြီးကချီးကျူးကြမှာပဲနော်"

ကုဆွေ့ဆွေ့၏မျက်နှာအမူအရာမှာ ကန်ရေပြင်ကဲ့သို့ငြိမ်သက်ကြည်လင်နေသည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now