ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

822 96 1
                                    

Chapter 33

တိကျသောသတင်းအချက်အလက်တစ်ချို့ကို ဖုံးဖိရန်ဆုံးဖြတ်လိုက်ပြီးနောက် ကျီမင်း၏နောက်ခံဝန်ထမ်းအသင်းအဖွဲ့က အလွန်ကျွမ်းကျင်ကြသည်။ နေ့လည်ခင်းတစ်နာရီခန့်တွင် ပေါ်ထွက်လာပြီး ထိုညတွင်ရေပန်းအစားဆုံးစားရှာဖွေမှုဖြစ်သွားသော ကျီမင်း၏မကောင်းသတင်းကို # x အမည်ရသော ရုပ်ရှင်မင်းသားတစ်ဦး၏ မူယစ်ဆေးဝါးသုံးဆွဲမှုဟူသော သတင်းဖြင့် အစားထိုးလိုက်ကြသည်။

[အများပြည်သူများထံမှ တိုင်ကြားချက်ကိုရပြီးနောက် ထိုနေ့ညနေတွင် ရုပ်ရှင်မင်းသား၏ နေအိမ်မှ တစ်ဆယ်ဂရမ်ထက်မနည်းသော မူးယစ်ဆေးများကို ရဲများကရှာဖွေတွေ့ရှိခဲ့ကြသည်]

"x ဆိုတဲ့မျိုးရိုးနာမည်နဲ့ ရုပ်ရှင်မင်းသား.....သူဘယ္သူလဲဆိုတာ ငါခန့်မှန်းမိပြီထင်တယ်....လွန်ခဲ့တဲ့နှစ်က နာမည်ကြီးရုပ်ရှင်ဇာတ်လမ်းတွဲတစ်ခုကို ရိုက်နေတည်းက သူ့စိတ်အခြေအနေကပုံမှန်မဟုတ်ဘူး.....အဲဒီအချိန်တည်းက သူဆေးချနေတယ်ထင်တယ်"။

"ခါတိုင်းဆိုရင် သူကသူ့ဇနီးအပေါ် ချစ်ခင်ကြင်နာတတ်တဲ့ လူတစ်ယောက်ပါ....သူဒီလိုဟာမျိုးတွေလုပ်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"။

"အဲဒါက လူတစ်ယောက်ရဲ့ပင်ကိုဗီဇပဲလို့ ငါပြောခဲ့တယ်လေ....လူတော်တော်များများကမယုံကြဘူး....လူအများရဲ့ရှေ့မှာအမှန်အတိုင်းထုတ်ပြလေ....လူတွေရဲ့နောက်ကွယ်မှာဆိုရင် ဘာသွားလုပ်ရမှာလဲ"။

" x မျိုးရိုးနာမည်နဲ့ ရုပ်ရှင်မင်းသားတစ်ယောက်ကို ဆီးစစ်ဖို့ပို့ပြီးသွားပြီတဲ့....ပြီးတော့ဒီသတင်းတွေအားလုံးနီးပါးက အမှန်တွေချည်းပဲ"။

ဟောင်ဖုန်းက တက္ဘလက္ကို ကိုင်ထားပြီး ဝေဘိုရှိ ကောမန့်များကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်ရင်း ပြောသည်။ "တစ်ခြားလူတွေရဲ့ မကောင်းသတင်းတွေကို ပါပါရာဇီတွေဆီကနေ ဈေးနှုန်းမြင့်မြင့်ပေးပြီးဝယ်လိုက်တာ ကျီမင်းနဲ့သူ့ကိုယ်စားလှယ်ပဲဖြစ်ရမယ်....ဒီကိစ္စဖြစ်သွားတော့ ပြည်သူတွေရဲ့မျက်လုံးနဲ့အာရုံက ပြောင်းသွားပြီ....နောက်ထပ်ရောက်မှုက တဖြည်းဖြည်းနဲ့လျော့သွားမှာကို စိုးရိမ်မိတယ်"။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးDonde viven las historias. Descúbrelo ahora