ပြည်သူအချစ်တော်လေးက၃နှစ်ခွဲသမီးလေး

786 94 0
                                    

Chapter 40

"ခဲ့ကျင်းယန်....အင်တာနက်ပေါ်မှာ မင်းကို ဆူပူကြိမ်းမောင်းနေတဲ့ လူတွေအများကြီးရှိတာကို သိလား.....ကလေးတွေကိုအနိုင်မကျင့်ဖို့ ငါမင်းကိုပြောခဲ့သားပဲ....အခုတော့ ရသစုံရှိုးမှာ မင်းကလေးဆီကနေ ငှက်သိုက်မုန့်လုလို့.....အစွပ်စွဲခံနေရပြီ....သိရဲ့လား"။

ခဲ့ကျင်းယန်က ကားထဲရှိ ကလေးထိုင်ခုံပေါ်တွင် လဲနေပြီး ဂရုမစစိုက်ဟန်ဖြင့် ပြောလာသည်။ "ဒီနှစ်အတွင်းမှာ ကျွန်တော်နဲ့ပတ်သတ်ပြီး ကောင်းတဲ့သတင်းရောရှိသေးရဲ့လား....အမြဲတမ်း ဒီလိုသတင်းတွေပဲလေ.....ခင်ဗျားက ကျွန်တော့်ရဲ့ကိုယ်စားလှယ်အခုမှ စလုပ်ဖူးတာလည်းမဟုတ်ဘူး....စိတ်လျှော့စမ်းပါ"။

သူ့စကားများကြောင့် လုယွင်ကျီနင်သွားရသည်။ ထို့နောက်မှင်တက်စွာပြောလာသည်။ "အခုတော့ အဲဒီအကြောင်းစဥ်းစားနေပြီပေါ့....အရင်တစ်ခေါက် ကလေးမလေးနဲ့ပုံက ရေပန်းအစားဆုံးရှာဖွေမှုထဲမှာရောက်သွားတော့ ဂရုမစိုက်သလိုလိုနဲ့"။

ခဲ့ကျင်းယန်၏လူများကို အီသွားအောင်လုပ်နိုင်သည့်စွမ်းရည်ကို သူအလွန်ဘဝင်ကျမိသည်။

အကျော်အမော်များထဲတွင် ဤသို့သော ထူးဆန်းသည့်သူနှင့် သူလည်းထိပ်ဆုံးအလုပ်တွဲလုပ်ဖူးခြင်းဖြစ်သည်။ သူသာဆိုလျှင် တစ်စုံတစ်ယောက်က သူ့အကြောင်း မကောင်းသတင်းရေးထားလျှင် စိုးရိမ်သောကရောက်မိမည်ဖြစ်သည်။ ခဲ့ကျင်းယန်နှင့်ပတ်သတ်သည့် မကောင်းသတင်းကိုမြင်ရသောအခါ သူကိုယ်တိုင်ပင် ကသိကအောက်ဖြစ်မိသည်။ သို့သော် ထိုထူးဆန်းသော ကောင်လေးက သူလုယွင် လက်အောက်ရှိ အနုပညာရှင်တစ်ယောက်ဖြစ်နေသေးသည်။

ဤကိစ္စနှင့်ပတ်သတ်၍ ခဲ့ကျင်းယန်နှင့်ဆက်လက်ဆွေးနွေးရန် လုယွင်ကျီပျင်းလွန်းလှသည်။ ခဲ့ကျင်းယန်ပြောသလိုပင် မည်သို့ပင်ဖြစ်စေ သူနေသားကျသွားပေလိမ့်မည်။

ခဲ့ကျင်းယန်က မျက်လုံးပွင့်လာပြီး မျက်မှောင်ကြုတ်ကာ ပြောသည်။ "ဆွေ့ဆွေ့ဘာလုပ်ခဲ့လဲဆိုပြီး လုချီက လာမေးနေတယ်....သူတို့နှစ်ယောက်က အရင်တည်းက သိကြတာလား"။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now