ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

769 92 0
                                    

Chapter 60

စူပါမားကတ်တွင်....

"မေမေ....သမီး ဒါလေးတစ်ထုပ်လိုချင်တယ်"။ ကုဆွေ့ဆွေ့က ခြေဖျားလေးထောက်ကာ စင်ပေါ်ရှိ အာလူးကြော်ထုပ်ကိုလှမ်းယူလိုက်သည်။

ဆွေ့ဆွေ့ကိုကြည့်ရင်း ဖုန်းယောက်ချင်းက ခေါင်းတယမ်းယမ်းနှင့်ပြောလိုက်သည်။ "ဆွေ့ဆွေ့....သမီးက တစ်ခြားအကြော်အလှော်ထုပ်တွေလည်း အများကြီးဝယ်ပြီးပြီလေ....ပြောတော့ တစ်ထုပ်ပဲဝယ်မှာပါဆို....ဒီလိုအကြော်အလှော်တွေအများကြီးစားရင်....ကျန်းမာရေးထိခိုက်လာလိမ့်မယ်"။

ကုဆွေ့ဆွေ့က ခေါင်းလေးကိုအသာအယာစောင်းငဲ့ပြီး မျက်လုံးရွဲကြီးများနှင့်ကြည့်ကာ ချစ်စဖွယ်အမူအရာလေးနှင့်ပြောလာသည်။ "ဟုတ်ကဲ့....မေမေ....သမီးသိပါပြီ"။ ချစ်စဖွယ်ချွဲ့နွှဲ့ပြောလာသော သမီးဖြစ်သူကြောင့် ဖုန်းယောက်ချင်း စိတ်ကြိုက်အလိုလိုက်ချင်မိသည်။ သို့သော် မိခင်တစ်ယောက်ဖြစ်သည့်အတွက် မကောင်းသည်ကို သိလျက်နှင့်ကြိတ်မှိတ်အလိုလိုက်နေ၍မရပေ။

ထို့ကြောင့် ဖုန်းယောက်ချင်းလည်း မျက်နှာထားပြန်တည်လိုက်ကာ ပြောလိုက်သည်။ "မရဘူးနော်....ဆွေ့ဆွေ့...သမီးမေမေ့ကိုကတိပေးထားတယ်လေ...စကားနားထောင်မယ်ဆိုပြီးတော့"။

ကုဆွေ့ဆွေ့က အာလူးကြော်ထုပ်ကို တက်းတင်းကြပ်ကြပ်ပိုက်ထားပြီး လုံးဝမလွှတ်ပေးချေ။ ထို့နောက် ဖုန်းယောက်ချင်းအားကြည့်ကာ တည်ကြည်လေးနက်သည့်ဟန်ပန်ဖြင့်ပြောလာသည်။ "မေမေပဲပြောတယ်လေ....အရသာတစ်ခုကို တစ်ထုပ်ဝယ်ဆို...ဒီမှာကြည့်....အာလူးကြော် နှစ်ထုပ်ကအရသာမတူဘူး...ဒီဟာလေးက ခရမ်းချဥ်သီးအရသာလေ...မေမေရဲ့"။

အစားအသောက်ဆိုလျှင် မီးဝင်းဝင်းတောက်နေသည့် သူ(မ)သမီးကို ဖုန်းယောက်ချင်းလည်းမနိုင်တော့ပေ။ ထို့ကြောင့် မတတ်နိုင်သည့်အဆုံး လိုက်လျောပေးလိုက်ရတော့သည်။ စင်ပေါ်ရှိ အာလူးကြော်တစ်ထုပ်ကိုဆွဲယူလိုက်ကာ ဆွေ့ဆွေ့အားပေးလိုက်သည်။ "ကဲ....ပြောမရလည်း.....ဝယ်လိုက်တော့...အဲဒါတွေ အများကြီးစားပြီး....ချောင်းဆိုးရင်ကြပ်ဖြစ်ရင်တော့ မေမေရိုက်မှာနော်...ဟုတ်ပြီလား"။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now