ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

821 99 0
                                    

Chapter 29

ထန်းကျူက ကုဆွေ့ဆွေ့ကို အိမ်အောက်ထပ်အထိလိုက်ပို့ပေးသည်။

"မေမေ.....ဒီနှစ်ရက်အတွင်းမှာ သမီးကိုလွမ်းနေရဲ့လား"။ ဖုန်းယောက်ချင်းကိုတွေ့ပြီးနောက် ကုဆွေ့ဆွေ့၏ မျက်နှာထက်တွင်အပြုံးတို့က အလွန်တောက်ပနေသည်။ ကားရပ်သည်နှင့် ကုဆွေ့ဆွေ့က သူ(မ)၏မိခင်ဆီသို့ ခြေတံတိုတိုလေးဖြင့် အပြေးသွားရှာသည်။

"ဆွေ့ဆွေ့.....သတိထားပြီးဖြေးဖြေးလျှောက်.....ချော်လဲမယ်နော်"။

"မေမေ့အချစ်တုံးလေးကို.....မေမေကလွမ်းတာပေါ့"။ သူ(မ)၏အဖိုးတန်သမီးလေးကို မလွမ်းပဲမနေနိုင်ပါ။ တစ်ချိန်လုံး သူ(မ)သမီးကိုသာ မျှော်နေခဲ့ရသည်။

ထန်းကျူထံမှဖုန်းဝင်လာသည်နှင့် သူ(မ)အိမ်အောက်ထပ်သို့ပြေးဆင်းသွားပြီးစောင့်နေခဲ့သည်။ သမီးလေးကိုတွေ့ချင်စိတ်ကပြင်းပြလွန်းနေသောကြောင့် အချိန်များကိုကျော်ပစ်ချင်ခဲ့သည်။

ဖုန်းယောက်ချင်းက ကိုယ်ကိုအနည်းငယ်ကိုင်းညွှတ်ပြီး ဆွေ့ဆွေ့ကိုပွေ့ဖက်ကာ အနည်းငယ်ပိန်ကျသွားသည့် မျက်နှာလေးကိုအနီးကပ်ကြည့်လိုက်သည်။

"ဆွေ့ဆွေ့လေး.....သမီးပျော်ခဲ့ရဲ့လား.....ခဲ့ကျင်းယန်ကရော သမီးကိုအနိုင်ကျင့်သေးလား"။

အမှန်အတိုင်းပြောရလျှင် ဖုန်းယောက်ချင်းနှစ်ရက်လုံးလုံး ပရိသတ်သန်းပေါင်းများစွာရှိပြီး ဒေါသကြီးသည့် ခဲ့ကျင်းယန်နှင့်ပတ်သတ်ပြီး စိတ်ပူခဲ့မိသည်။ အကြိုရုပ်ရှင်ရိုက်ကူးရေးနေ့ကလည်း သူ(မ)သမီးလေးကို ငိုအောင်လုပ်ခဲ့သည်မဟုတ်လား။

ထိုခဲ့ကျင်းယန်က ဆွေ့ဆွေ့အားနောက်ထပ်အနိုင်ကျင့်မည်ကို ဖုန်းယောက်ချင်းအမြဲတမ်းစိုးရိမ်နေခဲ့သည်။ ဆွေ့ဆွေ့ကငယ်သေးသည့်အပြင် ရိုက်ကူးရေးအဖွဲ့ထဲရှိ မည်သူနှင့်မှလည်း မရင်းနှီးပေ။ တစ်ခုခုဖြစ်သွားပါက ချော့မည့်သူလည်းရှိမည်မဟုတ်ပေ။ ထိုအကြောင်းစဉ်းစားရင်း ညတိုင်းသူ(မ)အိပ်မပျော်ခဲ့ချေ။

သို့သော် ဝေဘိုတွင်တင်ထားသည့်ပုံများတွင် ခဲ့ကျင်းယန်က အကြိုရုပ်ရှင်ရိုက်ကူးရေးနေ့က သူ(မ)တွေ့ခဲ့သည့်ပုံစံနှင့် အနည်းငယ်ကွာခြားနေသည်။ သူ့ပုံစံက နူးညံ့နေပုံရှိပြီး ဆွေ့ဆွေ့နှင့်အခြားကောင်လေးတစ်ယောက်၏လက်ကို ဂရုတစိုက်ကိုင်ထားသည်။ သူ(မ)အကြည့်မမှားဘူးဆိုလျှင် ဆွေ့ဆွေ့လေးလည်းပြုံးပျော်နေသယောင်ပင်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now