ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

851 91 1
                                    

Chapter 35

အစီအစဉ်အဖွဲ့မှ ဝန်ထမ်းက ခဲ့ကျင်းယန်အား ကေလးကို မည်သို့ပွေ့ဖက်ရမည်ကို သင်ကြားပေးရင်း မနေနိုင်စွာပြောလာသည်။ "ဆရာခဲ့ ခင်ဗျားကလေးကိုဒီလိုမျိုးအရမ်းတင်းတင်းကြီး ဖက်ထားရင် ကလေးကသက်တောင့်သက်သာမဖြစ်ပဲနေလိမ့်မယ်"။

သူတို့ငှားထားသော ယာယီကေလးအေဖက မည်သည့်အခါမှ ကလေးကိုပွေ့ဖက်ဖူးသည့်ပုံမပေါ်ပေ။ ကလေးတစ်ယောက်ကိုပွေ့ထားသောပုံစံက တစ်ချက်ကြည့်လိုက်လျှင်ပင် အလွန်ထူးဆန်းနေသည်။ ကလေးပြုတ်ကျပြီး ထိခိုက်ဒဏ်ရာရသွားမည်ကို သူတို့အားလုံးစိုးရိမ်မိကြသည်။

"ဒီလိုမျိုးချီရမှာလား....ဒီလိုဆိုအဆင်ပြေပြီလား....ဟုတ်ပြီ ငါသိပြီ"။

ကလေးကိုပထမဦးဆုံးပွေ့ချီဖူးသော ခဲ့ကျင်းယန်က တစ်အောင့်လောက်ကြာသောအခါ ကလေးမည်သို့ချီရမည်ကို နောက်ဆုံးတွင် အနည်းငယ်ပိုပြီးသိသွားခဲ့သည်။

ဤအရွယ်ကလေးများက အတော်ဒုက္ခပေးနိုင်လွန်းသည်။ အထူးသဖြင့် ရှက်ကြောက်တတ်လွန်းသော ကလေးမလေးများဖြစ်သည်။

မည်သို့ပင်ဖြစ်စေ သူထိုကေလးကို ပွေ့ချီရမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။

ဤမိဘနှင့်ကလေး ရသစုံရှိုးအစီအစဉ်ကို သူလာရောက်ရိုက်ကူးတည်းက ကုဆွေ့ဆွေ့၏ယာယီအဖေအဖြစ်သရုပ်ဆောင်ရန် သူအကူအညီအနည်းငယ်လိုအပ်ကြောင်း ခံစားမိသည်။ အစီအစဉ်ရိုက်ကူးပြီး အျပန္တြင အများပြည်သူအပန်းဖြေသည့်နေရာမျိုးတွင် ခရီးထွက်လာသော လူတစ်ယောက်နှင့်တွေ့ခဲ့သည်။ နေ့တိုင်း ကလေးငယ်များနှင့် မနက်မှညအထိ အတူခရီးသွားခြင်းက အလွန်ခက်ခဲပေလိမ့်မည်။

ယနေ့အပြင်ထွက်ရာတွင် ခဲ့ကျင်းယန်က ရှပ်အင်္ကျီအဖြူနှင့် ကာကီရောင်ဘောင်းဘီကို ပေါ့ပေါ့ပါးပါးပုံစံမျိုးဖြင့်ဝတ်စားထားသည်။ မိုးရွာနေသောကြောင့် အကြည်ရောင်မိုးကာအင်္ကျီကိုလည်း ထပ်ဝတ်လိုက်သည်။ သူလက်တွဲထားသော ကလေးငယ်လေးများကိုလည်း မိုးကာဝတ်ပေးလိုက်သည်။ အဝါရောင်တောက်တောက် မိုးကာလေးကို သူ့လည်ပင်းတစ်ဝိုက်တွင် တင်းတင်းပတ်ထားသည်။ လူကြီးနှင့်ကလေးတစ်သိုက်အတွဲညီနေသော မြင်ကွင်းက အလွန်နွေးထွေးလှသည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now