ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

735 81 0
                                    

Chapter 122

အစည်းအဝေးပြီးဆုံးသွားပြီးနောက် အခြားဘာမှလုပ်စရာမရှိတော့ပေ။ ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာများအားလုံးစီစစ်တည်းဖြတ်ကြပြီးနောက်ဝန်ထမ်းများက သရုပ်ဆောင်တစ်ယောက်ချင်းစီကို ဇာတ်ညွှန်းများချပေးသည်။

ယနေ့အစည်းအဝေးတက်ရောက်လာသောလူများအနက် အင်ပါယာမြို့တော်မှမဟုတ်သော သရုပ်ဆောင်အနုပညာရှင်များက ရိုက်ကူးရေးအဖွဲ့မှ စီစဥ်ပေးထားသောဟိုတယ်တွင် တည်းခိုနေထိုင်ကြမည်ဖြစ်၏။

"ညီမလေးဆွေ့ဆွေ့...အစောက ဘာလို့ဒေါက်တာလုရဲ့ဘေးမှာသွားထိုင်တာလဲဟင်"

ချောမောပြေပြစ်သောရုပ်ရည်ရှိသည့်အစ်ကိုကြီးတစ်ယောက်က သူမအား မေးလာသည်။

သူက ဆွေ့ဆွေ့ကဲ့သို့ 'လမ်းကြားလေး' ဇာတ်လမ်းတွဲထဲတွင်ပါဝင်သရုပ်ဆောင်မည့် ကလေးသရုပ်ဆောင်တစ်ဦးဖြစ်ပြီး ဆွေ့ဆွေ့ထက် ခြောက်နှစ်ခန့်ကြီးသည်။

"အမ်း....ဆွေ့ဆွေ့က...ကိုကိုတို့ထက်အစောကြီးလာလို့ ဘိုးဘိုးဒါရိုက်တာက‌သူ့ဘေးမှာပေးထိုင်တာနေမှာပေါ့"

တကယ်လည်း ကုဆွေ့ဆွေ့ကအခြားသူများထက်စောရောက်နေခြင်းဖြစ်၏။

"အဲဒါဆိုရင်...ကိုကိုလည်းနောက်တစ်ခါကျ စောစောလာပြီး ဒါရိုက်တာကြီးရဲ့ဘေးမှာရအောင်ထိုင်မယ်"

"ကိုကိုကဘာလို့ ဒါရိုက်တာကြီးရဲ့ဘေးမှာထိုင်ချင်ရတာလဲ နေရာကောင်းမလို့လားဟင်"

"ဒါပေါ့...အဲဒီနေရာကအရမ်းကောင်းတယ် ကိုကို့ရဲ့သရုပ်ဆောင်နည်းပြဆရာကတစ်ခါပြောပြဖူးတယ် ဒါရိုက်တာရဲ့ဘေးမှာထိုင်ရတယ်ဆိုတာက ဒါရိုက်တာကြီးနဲ့အရမ်းဆက်ဆံရေးကောင်းလို့ပဲတဲ့ ဒါရိုက်တာကြီးနဲ့ဆက်ဆံရေးကောင်းဖို့ကလည်းအရေးကြီးတယ် ဒါမှအခွင့်အရေးပိုရမှာလေ"

"အော်...အဲဒီလိုလား"

ထိုသို့သော အကြောင်းအရာများကိုကုဆွေ့ဆွေ့မသိခဲ့ရိုးပင်။ ဒါရိုက်တာဘိုးဘိုးနှင့်ရင်းနှီးမှရနိုင်မည့်အခွင့်အရေးများ အကြောင်းကိုလည်း သူမ မသိချေ။

"ဒါနဲ့...အစ်ကို့နာမည်ကကျောင်းဟွေ့ပါ ညီမလေးနာမည်ကရော"

"သမီးနာမည်က ကု‌ဆွေ့ဆွေ့ပါရှင့်"

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now