ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

851 103 0
                                    

Chapter 14

ဤကေလးမေလးအား သူ(မ)စပြီးသဘောကျလာသည်ကို ဖူရင်းယွီသိသည်။

သူ(မ)၏မျက်လုံးထဲတွင် ကောင်းကောင်းအံဝင်ဂွင်ကျဖြစ်သည့်သူကိုတွေ့ရန်မှာ ခဲယဉ်းလှသည်။ သို့သော် ထိုသူမွာ သုံးနှစ်အရွာ်ကလေးတစ်ယောက်ဖြစ်လိမ့်မည်ဟု သူ(မ)မမျှော်လင့်မိခဲ့ပေ။

"ကလေးလေး ဒီရိုက်ကူးရေးအဖွဲ့ကိုဘယ်လိုရောက်လာခဲ့တာလဲ"။ ဖူရင်းယွီကစိတ်အခြေအနေကောင်းနေသည်။ ပထမဆုံးအကြိမ်အဖြစ် သူစိမ်းတစ်ယောက်အကြောင်း သူ(မ)သိလိုစိတ်ဖြစ်မိသည်။

ကုဆွေ့ဆွေ့: "သမီးကို အရင်ရိုက်ကူးရေးအဖွဲ့က ဒါရိုက္တာက ထောက်ခံပေးတာပါ ၊ ဒီရိုက်ကူးရေးအဖွဲ့မှာ ကလေးသရုပ်ဆောင်နေရာလွတ်လေးရှိနေတယ်ပြောလို့ပါ ၊ အဲ့ဇာတ်ကောင်နေရာက သမီးနဲ့လိုက်တယ်လို့လည်း ဒါရိုက်တာကြီးကပြောတယ် ၊ သမီးကူညီပေးချင်လားလို့သူမေးတယ်လေ"

ကိစ္စတစ်ခုလုံးက သာမာန်ကာလျှံကာလေးဖြစ်ပြီး ရိုးရှင်းသည်ကိုကြားလိုက်ရသောအခါ ဖူရင်းယွီအံ့သြမိသွားသည်။

ဒါရိုက်တာချန်းက ဤခ်စ္စရာကေလးမေလးကို အမှန်တကယ် သဘောကျပုံရသည်။ ကလေးများနှင့်မိဘများကို စိတ်ပိုင်းဆိုင်ရာဖိအားဖြစ်စေမည်စိုးသောကြောင့် ဇာတ်ကောင်နေရာများကိုထောက်ခံပေးရာတွင် ဒါရိုက်တာချန်းက စကားလွလွေလးမ်ား အလွန်သုံးလေ့ရှိသည်။ ဒါရိုက်တာဟဲ့၏ဂုဏ်သတင်းနှင့် ကြော်ငြာတန်ဖိုးတို့က ဒါရိုက်တာချန်းလောက်မကောင်းသော်လည်း စာပေနှင့်ရသရုပ်ရှင်တို့တွင် အလွန်ထူးချွန်ပြောင်မြောက်ကာ ရုပ်ရှင်ပွဲတော်များတွင်လည်း မကြာခဏဆုရလေ့ရှိသည်။

"ကေလး ငါမှတ်မိတာမှန်တယ်ဆိုရင် မင်းက ဆွေ့ဆွေ့ပဲဖြစ်ရမယ်"။ ရိုက်ကွင်းပေါ်တွင်ကလေးမလေးငိုနေသည်ကို သူ(မ)တွေ့ခဲ့စဉ်က လုချီ၏ပါးစပ်ဖျားမှ ထိုချစ်စနိုးနာမည်လေးကို ကြားလိုက်မိသည်။

နုနုနယ်နယ်ကလေးလေးက သူ(မ)၏နာမည်ကို ဂုဏ်ယူစွာဖြင့်ပြောလိုက်သည်။ "သမီးနာမည်က ကုဆွေ့ဆွေ့ပါ ၊ အသက်ကသုံးနှစ်ပါရှင့်"

ဖူရင်းယွီပြုံးမိသွားသည်။ "ကုဆွေ့ဆွေ့က နာမည်ကောင်းလေးပဲ ၊ လုံခြုံမှုလို့အဓိပ္ပါယ်ရတယ် ၊ မင်းမိဘတွေကမင်းကို အရမ်းချစ်မှာပဲနော်"

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now