ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

899 95 0
                                    

Chapter 12

ထိုနေ့တွင်တွေ့ခဲ့သော အမျိုးသမီးငယ်လေးက ဤဖျော်ဖြေရေးလောကတစ်ဖန်ပြန်လည်မွေးဖွားခြင်းဆောင်းပါး၏ အမျိုးသမီးဇာတ်လိက်ဖြစ်သည်ကို ကုဆွေ့ဆွေ့သိလိုက်ရသောအခါ သူ(မ)အားရှာမတွေ့နိုင်မည်ကို လုံးဝစိတ်မပူတော့ချေ။

မျှော်လင့်ထားသလိုပင် ရိုက်ကူးရေးအဖွဲ့အသစ်၏ရိုက်ကွင်းပေါ်တွင် မကြာမီ သူတို့နှစ်ဦးပြန်လည်တွေ့ဆုံကြသည်။

ဒါရိုက်တာကျီလန်ရိုက်ကူးမည့် "ပါးကိုက်နားကိုက်" ရုပ်ရှင်ကို အင်ပါယာမြို့တော်မှ ကီလိုမီတာသုံးရာအကြာရွိ ရုပ်ရှင်နှင့်ရုပ်သံဇာတ်လမ်းတွဲဌာနချုပ်တွင်ရိုက်ကူးသွားမည်ဖြစ်သည်။

"ပါးကိုက်နားကိုက်" ဟူသောဇာတ်လမ်းက စစ်ပွဲကြောင့်နှစ်ပေါင်းများစွာကွဲကွာသွားပြီး ပြန်လည်စုံစည်းသည့်အခါ နှစ်ဦးလုံးမတူညီသောအဖွဲ့တွင်ရှိနေကြသည့် ကုန်သည်မိသားစုမှညီအစ်မနှစ်ဦး၏ ဇာတ်လမ်းပင်ဖြစ်သည်။

ဟုတ်ပါသည်။ ရိုက်ကူးရေးအဖွဲ့တွင်သရုပ်ဆောင်အငယ်နှစ်ဦးသာရှိသောကြောင့် သူတို့နှစ်ဦးက ညီအစ်မအဖြစ်သရုပ်ဆောင်ရမည်ဖြစ်သည်။ ဤတစ်ခေါက်တွင်ကုဆွေ့ဆွေ့က ညီမငယ်အဖြစ်သရုပ်ဆောင်ပြီး စုယွီချင်းကအစ်မကြီးအဖြစ်သရုပ်ဆောင်မည်ဖြစ်သည်။

သူ(မ)၏ညီမငယ်အဖြစ်သရုပ်ဆောင်ရမည့်သူက ကုဆွေ့ဆွေ့ဖြစ်ကြောင်း စုယွီချင်းသိသွားသောအခါ သူ(မ)မျက်နှာကပြောင်းလဲသွားခဲ့သည်။

ညီမငယ်လေးအဖြစ်သရုပ်ဆောင်ရမည့်သူက အဘယ်ကြောင့်ကုဆွေ့ဆွေ့အဖြစ်ပြောင်းသွားရပါသနည်း။

မဖြစ်နိုင်ပေ။ အဘယ်သို့ဖြစ်နိုင်မည်နည်း။

သူ(မ)၏ကြားဝင်စွက်ဖက်မှုကြောင့် ဤဘဝတွင်အချို့သောအရာများကလည်း လိုက်ပါပြောင်းလဲသွားသည်လား?

သူ(မ)၏အရင်ဘဝတွင် ကုဆွေ့ဆွေ့က "တိမ်မြှုပ်နေသော" ရုပ်ရှင်ကားကြီးမထွက်ခင်အထိ အခြားမည်သည့်ရုပ်ရှင်မှမရိုက်ကူးခဲ့သည်ကို စုယွီချင်းရှင်းရှင်းလင်းလင်းမှတ်မိပါသည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now