ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

574 68 1
                                    

Chapter 156

ဆွေ့ဆွေ့၏မရမကတောင်းဆိုမှုကြောင့် ကုကျန်းနျန်လည်းတိုက်ခန်းတွင်သာ တစ်နေကုန်တစ်နေခန်းနေဖြစ်သွားသည်။

တစ်နေ့ခင်းလုံးဆော့ကစားထားကလေးငယ်မှာ ညရောက်ချိန်တွင် အပတ်စဥ်ကြည့်နေကျရသစုံရှိုးကိုကြည့်ပြီးနောက် အိပ်ငိုက်နေပြီဖြစ်၏။

သူမ၏ဦးခေါင်းမှာ ဟိုဟိုဒီဒီစောင်းပြီးငိုက်စိုက်ကျနေသည်။ သူမက ကုကျန်းနျန်၏လက်မောင်းကိုတွဲခိုထားပြီး လက်ခုံဖြင့်မျက်လုံးများကိုပွတ်နေသေးသည်။

အိပ်ချင်စိတ်ကိုအတင်းချုပ်တည်းထားပုံရသောဆွေ့ဆွေ့ကိုကြည့်ကာ ကုကျန်းနျန်တစ်ယောက် သက်ပြင်းဖွဖွချလိုက်မိ၏။

"ဆွေ့ဆွေ့...သမီးအိပ်ချင်နေရင် သွားအိပ်တော့လေ"

"သမီးမအိပ်ချင်ပါဘူး ဖေဖေရဲ့...ဒီတိုင်းမှေးနေတာ"

ဆွေ့ဆွေ့က အိပ်ချင်မူးတူးဖြင့်ပြန်ပြောလာသည်။ မျက်လုံးပင် သိပ်မဖွင့်ချင်တော့။

"အဲဒါဆို...ဖေဖေလည်းသမီးနဲ့အတူ တစ်ရေးတစ်မောလိုက်အိပ်မယ်"

ဆွေ့ဆွေ့မှာ ဖေဖေ့စကားကြောင့် အလွန်ပျော်သွားသည်။ အချိန်အကြာကြီးနေမှပြန်တွေ့ရသောဖေဖေ့ကိုသူမမျက်စိအောက်မှအပျောက်မခံနိုင်တော့။

"အမ်း....ဒါဆိုအတူတူသွားအိပ်ကြတာပေါ့"

အနားတွင်ရှိနေသောဖေဖေ့ကြောင့် ဆွေ့ဆွေ့မှာ ယခုမှစိတ်ချလက်ချအိပ်ပျော်နိုင်တော့သည်။

သူ့ရင်ခွင်ထဲတွင်နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသောကလေးငယ်ကိုကြည့်ကာ ကုကျန်းနျန်၏မျက်ဝန်းတို့ပြုံးယောင်သန်းသွားရသည်။ ထို့နောက် ဆိုဖာပေါ်မှထကာသမီးကိုပွေ့ချီပြီးအိပ်ခန်းထဲသို့ခြေလှမ်းဖွဖွဖြင့်လှမ်းသွားလိုက်၏။

အိပ်ခန်းထဲအရောက် ကလေးငယ်ကိုအိပ်ယာပေါ်သို့ညင်သာစွာဖြင့်ဂရုတစိုက်ချပေးလိုက်သည်။ စောင်ခြုံပေးပြီး အခန်းအပြင်သို့ထွက်သွားတော့မည့်အချိန်တွင် ဆွေ့ဆွေ့ကသူ့လက်ကို ကယောင်ကတမ်းလှမ်းဆွဲလာသည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now