ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

724 84 0
                                    

Chapter 58

စန်းဟုန်တစ်ယောက် ခြေတစ်လှမ်းနောက်ကျသွားသောကြောင့် မြို့တော်တွင်းရှိ စာအုပ်ဆိုင်များနှင့် သတင်းစာအရောင်းဆိုင်များတွင် "ssling" မဂ္ဂဇင်းများရောင်းချနေသည်ကိုတွေ့ခဲ့သော်လည်း သူမဝယ်နိုင်ခဲ့ပေ။ ရှိသမျှမဂ္ဂဇင်းအားလုံး တစ်အုပ်မကျန်ရောင်းထွက်သွားပြီဖြစ်သည်။

စန်းဟုန်လည်း "ssling" ဝက်ဘ်ဆိုက်များထဲတွင်ပါ ဝင်ရောက်မွှေနှောက်ကြည့်သော်လည်း တစ်မြို့လုံးရှိ စာအုပ်ဆိုင်တိုင်းတွင် တစ်အုပ်မှမကျန်တော့သည်ကို မျက်ဝါးထင်ထင်တွေ့လိုက်ရသည်။ ထို့ကြောင့် သူငယ်ချင်းဖြစ်သူလွီလီကိုအမြန်ဆက်သွယ်လိုက်သည်။ "လွီလီ....နင့်မှာတစ်အုပ်လောက်ရှိသေးလား....ကော်ပီပဲဖြစ်ဖြစ်ကွာ....တစ်အုပ်လောက်ပေးလေနော်....ငါနင့်ကိုညစာဝယ်ကျွေးပါ့မယ်....မဟုတ်ဘူး....ဒီတစ်လလုံး နေ့လည်စာအလကားကျွေးမယ်"။

"စန်းဟုန်ရေ....ငါနင့်ကိုမပေးချင်တာတော့မဟုတ်ဘူး....ဒါပေမဲ့ ငါ့မှာတောင်ကော်ပီတစ်အုပ်ပဲရှိတာ"။

လွီလီ၏စကားကြောင့် စန်းဟုန်ထိတ်လန့်သွားသည်။ "မဂ္ဂဇင်းတိုင်းကို....နင်အမြဲတမ်းကော်ပီတွေအများကြီးဝယ်နေကျမဟုတ်ဘူးလား"။ စန်းဟုန်အမှတ်မမှားလျှင် လွီလီက သူ(မ)ကြိုက်နှစ်သက်သည့် အနုပညာရှင်များပါသည့် မဂ္ဂဇင်းစာအုပ်များကို အနည်းဆုံးကော်ပီဆယ်အုပ်ခန့်ဝယ်ယူတတ်သောသူဖြစ်သည်။ သို့သော် ဤတစ်ခေါက်တွင်မူ အဘယ်ကြောင့်များ တစ်အုပ်သာဝယ်ခဲ့ပါသနည်း။

"အဲဒါက....ပြောရမယ်ဆို....အရှည်ကြီးပဲ"။ လွီလီက အစပိုင်းတွင် "ssling" မဂ္ဂဇင်းကို ကောပီဆယ်အုပ်ခန့်ဝယ်ရန်စီစဥ်ထားသော်လည်း ဝက်ဘ်ဆိုက်တွင် ဖောင်ဖြည့်သည့်အခါ သုညတစ်လုံးမေ့ကျန်ခဲ့သောကြောင့် ဆယ်အုပ်မရလာပဲ တစ်အုပ်သာရလာခဲ့သည်။ ထို့ကြောင့် နောက်ထပ်မဂ္ဂဇင်းစာအုပ်များထပ်မှာရန် သွားကြည့်ရာတွင် အားလုံးရောင်းထွက်သွားနှင့်ပြီဖြစ်ကြောင်းသိလိုက်ရသည်။ လွီလီကိုယ်တိုင်လည်း ဂဏန်းမှားဖြည့်ခဲ့မိသည့် သူ(မ)ကိုယ်သူ(မ)စိတ်ပျက်နေမိသည်။

စန်းဟုန်တစ်ယောက် ဆွေ့ဆွေ့၏မျက်နှာဖုံးမဂ္ဂဇင်းကိုဝယ်ယူအားပေးမည့်သူသိပ်မရှိနိုင်ဟုထင်ခဲ့မိပြီး သတိလက်လွတ်နေခဲ့သည်။ "ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးကြောင့် ကုဆွေ့ဆွေ့က လတ်တလောတွင် ပရိသတ်များ၏စိတ်ဝင်စားမှုကို ရရှိထားကာ တစ်ခဲနက်အားပေးမှုကိုလည်းရရှိထားသည်။ ထို့အပြင် ခဲ့ကျင်းယန်ကလည်း ဒိတ်ဒိတ်ကြဲအနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်အင်အားတောင့်သည်။ ထိုအချက်များကို သူ(မ)မေ့လျော့နေခဲ့ခြင်းဖြစ်သည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now