ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

849 113 0
                                    

Chapter 13

"ရိုက်ကူးရေးမှာ လူတိုင်းကြိုးကြိုးစားစားလုပ်ခဲ့ကြတယ် ၊ ဒါကလူတိုင်းကိုသောက်ဖို့အစ်မကျီမင်းက ကမ်းလှမ်းထားတဲ့ နို့လက်ဖက်ရည်ပါ"။ ကျီမင်းနှင့်အတူရှိနေသော ဝန်ထမ်းနှစ်ယောက်က ယခုလေးတင်သူတို့ဝယ်ထားသောနို့လက်ဖက်ရည်များကို ကိုင်ထားပြီး ရှိနေသောဝန်ထမ်းများအားလုံးကို ကမ်းပေးလိုက်သည်။

လူများ၏စားသောက်သည့်ပါးစပ်က မလုံလောက်နိုင်ဟု ဆိုကြသည်။ အစားအသောက်ကျေွးလိုက်လျှင် စိတ်ရင်းမှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ လူများကတိမ်းညွှတ်လာကြမည်ဖြစ်သည်။ နို့လက်ဖက်ရည်သောက်သောသူတိုင်းက အများအားဖြင့် ကျီမင်းအားချီးကျူးကြသည်။

"ကျေးဇူးတင်ပါတယ် အစ်မကျီမင်း"

"အစ်မကျီမင်းက အရမ်းသိတတ်တာပဲ"

ချီးမွမ်းနေသည့်ကြားတွင် ကျီမင်း၏လက်ထောက်က သီးသန့်ထုတ်ပိုးထားသော စက္ကူအိတ်လေးကိုယူပြီး ရိုက်ကွင်း၏တိတ်ဆိတ်ချောင်ကျသောနေရာသို့လျှောက်သွားလိုက်ရင်း ပြုံးပြလိုက်သည်။ "အစ်မရင်းယွီ ဒါကအစ်မအတွက်နို့လက်ဖက်ရည်ပါ ၊ ပုလဲထဲကိုရေခဲတွေအများကြီးမထည့်ထားပါဘူး ၊ အစ်မကျီမင်းကကျွန်မတို့ကို အထူးတလှယ်တောင်းဆိုထားတာပါ"။

"ကျီမင်းအတွက်အရမ်းခက်ခဲမှာပဲ ၊ ကျွန်မရဲ့အကြိုက်ကိုမှတ်မိနေသေးတယ်"။ ကျီမင်းထံမှနို့ဖက်ရည်ကို ယူဖို့မရည်ရွယ်သကဲ့သို့ ဖူရင်းယွီ၏အသံက အနည်းငယ်အေးစက်နေသည်။

တမင်တကာလျစ်လျူရှုနေသောလက်ထောက်က ဖူရင်းယွီ၏လှောင်ပြောင်သရော်သံကို သေချာပေါက်ကြားလိုက်ပါသည်။ သူ(မ)၏မျက်နှာထက်မှအပြုံးက အနည်းငယ်တောင့်သွားပြီး စိတ်ထဲတွင်မကျေမချမ်းဖြစ်မှုကို သည်းခံမြိုသိပ်လိုက်ကာ သွားကြိတ်ရင်းပြောလိုက်သည်။

"မမရင်းယွီက နောက်နေတာဖြစ်ရမယ် ၊ ဒါပေမဲ့ညီမလေးကျီမင်းက မမကိုအမြဲတမ်းစံနမူနာအဖြစ် သတ်မှတ်ထားတာပါ"။

သူ(မ)အားစံနမူနာအဖြစ် သတ်မှတ်သည်တဲ့လား? ကမ်းခြေတွင် "အရှေ့လှိုင်း" ကိုပြင်းပြင်းထန်ထန်ရိုက်ချပစ်ရန် မစောင့်နိုင်သည့်သူ(မ)၏ "အနောက်လှိုင်း" မဟုတ်မည်ကို စိုးရိမ်မိသည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးOnde as histórias ganham vida. Descobre agora