ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

832 65 1
                                    

161
Zack Z.U.May 04, 2023
Chapter 161



သူမသမီးက ငယ်လွန်းနေသေးသည်ဟု ဖုန့်ယောင်ချင်းတွေးမိသည်။ ကုဆွေ့ဆွေ့က ခုံကိုရွှေ့ကာ အသားလုံးများချက်ပြုတ်နေသော သူမအနားသို့လာထိုင်သည်။

"မေမေ ဖေဖေကဒီကိုဘယ်တော့လာမှာလဲဟင်"

ဆွေ့ဆွေ့တစ်ယောက် မိခင်ဖြစ်သူအားမေးခွန်းထုတ်လိုက်၏။

ဖုန့်ယောင်ချင်းက ဧည့်ခန်းထဲရှိတိုင်ကပ်နာရီကို တစ်ချက်လှမ်းကြည့်ကာ ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။

"ခဏနေကျရင်ရောက်လာမှာပါ ယာဥ်ကြောကျပ်လို့ လမ်းမှာကြာနေတာနေမှာပေါ့"

ဒီဇင်ဘာသုံးဆယ့်တစ်ရက်နေ့က နှစ်သစ်ကူးအကြိုနေ့ဖြစ်သောကြောင့် ဖုန့်ယောင်ချင်းက ကုကျန်းနျန်ကိုလည်းဖိတ်ထားသည်။ လူများလေလေ အိမ်ကအသက်ဝင်ပြီးပိုပျော်စရာကောင်းလိမ့်မည်ဟု တွေးမိသောကြောင့်ပင်။

လွန်ခဲ့သောနှစ်များတွင် သူမတို့သားအမိနှစ်ယောက်လုံး ခက်ခက်ခဲခဲရုန်းကန်ရှင်သန်ခဲ့ရသည်။ ထို့ကြောင့် အနာဂတ်နေ့ရက်များတွင်ပျော်ပျော်ရွှင်ရွှင်ရှင်သန်ဖို့ထိုက်တန်လောက်ပါ၏။

ကုဆွေ့ဆွေ့တစ်ယောက် သူမနှင့်ဖေဖေ့ကြားကတိပေးထားသောလျှို့ဝှက်ချက်လေးကိုတွေးမိရင်း အလွန်စိတ်လှုပ်ရှားနေမိသည်။ ဆယ်မိနစ်လောက်ကြာပြီးနောက် အိမ်ရှေ့တံခါးမှလူခေါ်ဘဲလ်တီးသံကိုကြားလိုက်ရသည်။

ဆွေ့ဆွေ့လည်းထိုင်နေရာမှချက်ချင်းထကာ တံခါးရှိရာသို့အပြေးသွားလိုက်သည်။

"ဖေဖေရောက်လာပြီနဲ့တူတယ်"

တံခါးဖွင့်လိုက်သည်နှင့် လက်ထဲတွင်အိတ်များစွာမနိုင်မနင်းသယ်ထားသောကုကျန်းနျန်ကိုတွေ့လိုက်ရသည်။ ဆွေ့ဆွေ့မှာမုန့်ချိုထုပ်ကိုသာတန်းမြင်သည်။

သို့သော်မေမေကသူမအနားသို့ရောက်လာသောကြောင့် မုန့်ချိုထုပ်ကိုနောက်သို့အမြန်ဝှက်လိုက်သည်။ ဖုန့်ယောင်ချင်းက ဆွေ့ဆွေ့ဝှက်လိုက်သောမုန့်ထုပ်ကို မြင်ဖြစ်အောင်မြင်လိုက်၏။

You've reached the end of published parts.

⏰ Last updated: Feb 23 ⏰

Add this story to your Library to get notified about new parts!

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now