ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

986 123 0
                                    

Chapter 5

"တိမ်မြှုပ်နေသော" ၏မူရင်းဝတၳုတွင် လက်အောက်ခံဘဝကျရောက်သွားသော မင်းသမီးလေး၏ဇာတ်ဝင်ခန်းက များများစားစားမပါရှိပေ။ မောင်နှမနှစ်ယောက် ရန်သူအလိုက်ခံရပြီး မင်းသမီးလေးက ဇာတ်လိုက်မင်းသား၏ လက်ပေါ်တွင် သေဆုံးသွားသည့် နောက်ဆုံးဇာတ်ဝင်ခန်းက ရိုက်ကူးရအခက်ဆုံးဖြစ်သည်။

သို့သော် ယနေ့ ကုဆွေ့ဆွေ့က ထိုဇာတ်ဝင်ခန်းကို မရိုက္ကူးရေပ။ သူ(မ)ရိုက်ရမည့် ဇာတ်ဝင်ခန်းမှာ ဇာတ်လိုက်မင်းသားနှင့်မင်းသမီးငယ်လေးကို သူတို့၏ မိဘနှစ်ပါးက နန်းတော်အပြင်သို့ လွှတ်လိုက်သည့်အခန်းပင်ဖြစ်သည်။

ရိုက်ကူးရေးအဖွဲ့တွင် တစ်လခွဲခန့်ပါဝင်ပြီးနောက် နုနုနယ်နယ်ကလေးမလေးက ဤနေရာတွင် ဘဝကိုလုံးလုံးလ်ားလ်ား နေသားတကျနေနိုင်ပြီဖြစ်သည်။ ရိုက်ကူးရေးအဖွဲ့ကလည်း ဤချစ်စရာကောင်းသောကလေးမလေးကို သဘောတကျရှိလှပြီး ရိုက်ကူးရေးလုပ်နေစဉ်မှာတောင် နေရာတိုင်းတွင် ဂရုစိုက်ပေးကြသည်။ ဒါရိုက်တာချန်းလည်းထို့အတူပင်ဖြစ်သည်။

ကုဆွေ့ဆွေ့တစ်ယောက် ကင်မရာရှေ့တွင် မနက်ခင်းရှစ်နာရီမှ နေ့လည်ခင်းဆယ့်နှစ်နာရီအထိ အကြိမ်ပေါင်းများစွာ ငိုခဲ့ပြီးဖြစ်သည်။ သို့သော် စိတ်အခြေအနေက သိပ်တော့မကောင်းနေပေ။

ယခုသူ(မ)ကညစ်ပတ်ပေရေနေပြီး လုံးဝမလွေနေတာ့ဟု ကုဆွေ့ဆွေ့ထင်နေမိသည်။ သူ(မ)က တစ်ကယ့်ခံစားချက်အစစ်အမှန်ဖြင့်ငိုနေခြင်းဖြစ်သည်။ သူ(မ)မျက်ရည်ခြွေလိုက်တိုင်း ခံစားချက်မကောင်းပေ။

"ထားလိုက်တော့ အားလုံးအလုပ်ကြိုးစားခဲ့ကြပါတယ် ၊ နားကြစို့" ။ ရိုက်ကူးရေးအဖွဲ့၏ ရိုက်ကူးရေးလုပ်ငန်းစဉ်တစ်ခုလုံးက သူမျှော်လင့်ထားသည်ထက် ပိုမြန်သည်။ ဆက်တိုက်မှားသော ရိုက်ကွက်ပေါင်းများစွာက ဒါရိုက်တာချန်း၏စိတ်အခြေအနေကို ပိုဆိုးသွားအောင်တော့ မလုပ်နိုင်ချေ။ သို့သော် ဒါရိုက်တာချန်းက နောက်စမည့်ရိုက်ကူးရေးအတွက်သရုပ်ဆောင်များကို တည်တည်ငြိမ်ငြိမ်နှင့် နှစ်သိမ့်ပေးလိုက်သည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now