ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

767 74 2
                                    

Chapter 113

ကုဆွေ့ဆွေ့၏ Weiboအကောင့်တွင် သူငယ်ချင်းများများစားစားမရှိပေ။ သူငယ်ချင်းအများစုမှာ 'တိမ်မြှုပ်နေသော' ရုပ်ရှင်ရိုက်ကူးစဥ်က ရိုက်ကူးရေးအဖွဲ့သားများပင်ဖြစ်သည်။

ကုဆွေ့ဆွေ့က သူ့အားသူမ၏အိမ်သို့လာပြီး ထမင်းလာစားရန် အသံဖိုင်ပို့ပြီးဖိတ်သောကြောင့် ကြိတ်ပျော်နေသောခဲ့ကျင်းယန်တစ်ယောက် မသိလိုက်သည်က ကုဆွေ့ဆွေ့မှာ သူ့တစ်ယောက်တည်းတင်မဟုတ်ဘဲ လူတိုင်းကိုဖိတ်ခေါ်ထားခြင်းပင်။

ဖုယင်းယွီလည်း ကုဆွေ့ဆွေ့ထံမှ အသံဖိုင်တစ်ခု ကျိန်းသေပေါက်ရလိုက်ပါ၏။ ဆွေ့ဆွေ့က လွန်ခဲ့သောနာရီဝက်လောက်တည်းက သူမအပါအဝင် အခြားသူများကိုအသံဖိုင်ပို့နေခြင်းဖြစ်သည်။

သူမကိုပို့လာသောပုံတွင် ဆွေ့ဆွေ့က မျက်လုံးလေးများမှိတ်သည်အထိပြုံးပျော်နေသေးသည်။ အပြုံးချိုချိုလေးကြောင့် ဖုယင်းယွီပင် အပျော်ဓာတ်တို့ကူးစက်ကာလိုက်ပြုံးမိသွား၏။

ဖုယင်းယွီမှာ ထျန်းဟောင်ဖျော်ဖြေရေးနှင့်စာချုပ်ရပ်စဲပြီး မကြာသေးခင်မှ ချင်ဖျော်ဖြေရေးအေဂျင်စီဘက်သို့ရွှေ့ပြောင်းလာခြင်းဖြစ်သည်။

ဤရက်ပိုင်းများအတွင်း 'တိမ်မြှုပ်နေသော' ရုပ်ရှင်၏ပရိုမိုးရှင်းကိုသာအာရုံစိုက်ထားသောကြောင့် လုပ်စရာများများစားစားမရှိပေ။ ထို့ကြောင့် နောက်လာမည့်ရုပ်ရှင်ကားအတွက် ဇာတ်ညွှန်းများကြိုဖတ်နေလိုက်သည်။

တစ်ဖက်တွင် လုချီတစ်ယောက် ရုပ်ရှင်အသစ်ရိုက်ကူးရေးများကြောင့် တစ်မနက်လုံးအလုပ်ရှုပ်နေသဖြင့် ဆွေ့ဆွေ့ပို့ထားသောအသံဖိုင်ကို တော်တော်ကြာမှသတိထားမိသည်။ လွန်ခဲ့သောနှစ်ပတ်လုံးလုံး မအားလပ်သောရိုက်ကူးရေးအချိန်ဇယားများကြောင့် ဟိုဟိုဒီဒီပြေးလွှားရင်း သူ့မှာတစ်နေ့လေးငါးနာရီခန့်သာအိပ်ချိန်ရ၏။

ဆွေ့ဆွေ့က သူမ၏အိမ်သို့ထမင်းစားဖိတ်ထားခြင်းဖြစ်သည်။ ကလေးငယ်၏မျက်နှာလေးကိုမြင်ချင်သောကြောင့် လုချီအမှန်တကယ်သွားလိုသော်လည်း ကံကြမ္မာကသူ့ကိုမျက်နှာသာမပေးချေ။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now