ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

760 82 0
                                    

Chapter 57

"မေမေ့ရဲ့သမီးလေးက....တစ်နေ့တစ်ခြားပိုပိုပြီး တော်လာတာပဲ....စာလုံးအသစ်တွေကိုလည်း မြန်မြန်တတ်တယ်"။

ဧည့်ခန်းထဲတွင် ကုဆွေ့ဆွေ့နှင့်ဖုန်းယောက်ချင်းတို့ အတူတူထိုင်နေကြပြီး စားပွဲပေါ်တွင်လည်း ကတ်ပေါင်းများစွာရှိနေသည်။ ကတ်ပေါင်းတစ်ရာခန့်ဖြစ်ပေလိမ့်မည်။ ကတ်တစ်ကတ်ချင်းစီတွင် ဝေါဟာရစာလုံးတစ်လုံးစီရေးထားပေးသည်။ ကုဆွေ့ဆွေ့က နှစ်ရက်အတွင်း ထိုစာလုံးအားလုံးကို သင်ယူနိုင်ခဲ့သည်။

တစ်ကယ်တမ်းတွင် ကုဆွေ့ဆွေ့က စာပေတတ်မြောက်သူဖြစ်သည်။ စာအုပ်များဖတ်ရှုရာတွင်လည်း အခက်အခဲမရှိပေ။ တီဗွီမှထုတ်

လွှင့်သည့် ရုပ်သံဇာတ်လမ်းတွဲများကိုလည်း စာတန်းထိုးပါမလွှတ်တမ်းကြည့်နိုင်ခဲ့သည်။ သို့သော် ဖုန်းယောက်ချင်းက ဆွေ့ဆွေ့တစ်ယောက် တီဗွီကြည့်ရင်းအသံနှင့်ရုပ်သာကြည့်နိုင်သည်ဟုထင်နေသည်။ ထို့အပြင် ကုဆွေ့ဆွေ့က သင်သမျှကိုအလျင်အမြန်တတ်မြောက်နိုင်သည့် စွမ်းရည်ရှိသည်။ တစ်ခါသင်လိုက်သည်

နှင့် မှတ်မိလွယ်သောကလေးမျိုးလည်းဖြစ်သည်။

ဖုန်းယောက်ချင်းက ပထမတန်းအရွယ်နှင့်ညီမျှသည့် တရုတ်စာလုံးကတ်လေးများကိုဝယ်ပြီး ဆွေ့ဆွေ့အားစာဖတ်နိုင်ရုံမျှသာ သင်ပေးမည်ဟုရည်ရွယ်ခဲ့သည်။ သို့သော် သူ(မ)၏သမီးလေးက သုံးလေးခေါက်လောက်သင်ပြလိုက်ရုံမျှဖြင့် ဖတ်တတ်သွားရုံသာမက ရေးပါရေးတတ်သွားသည်။ အစပိုင်းတွင် ဆွေ့ဆွေ့က ရုပ်ရှင်အနုပညာအသိုင်းအဝိုင်းထဲတွင် ငယ်ငယ်ရွယ်ရွယ်နှင့်ကျင်လည်ခဲ့သောကြောင့် ထက်မြက်ပြီးရင့်ကျက်သည်ဟု ဖုန်းယောက်ချင်းထင်ခဲ့သော်လည်း ဆွေ့ဆွေ့ကစာပေဘက်တွင် အခြားကလေးများထက်ပင် ထူးချွန်နေသေးသည်။

သူ(မ)က မိသားစုစားဝတ်နေရေးအတွက် အမြဲတမ်းပိုက်ဆံရှာပြီး အလုပ်ရှုပ်နေခဲ့သောကြောင့် ဆွေ့ဆွေ့အားစာသင်ပေးရန် အချိန်မပေးနိုင်ခဲ့ပေ။ အလုပ်တစ်ဖက်နှင့်သူ(မ)က ကလေးငယ်၏ပညာရေးကို အာရုံမထားမိခဲ့ချေ။

ထို့ကြောင့် ယခင်သူ(မ)အလုပ်လုပ်နေသည့် စတိုးဆိုင်မှ အလုပ်ထွက်လိုက်ပြီး သမီးလေးကိုပညာအရာတွင်နောက်မကျစေရန် တတ်နိုင်သလောက် ကြိုးစားပြီးစာသင်ပေးသည်။ အနုပညာဘက်တွင်ရော စာပေဘက်တွင်ပါ ထူးချွန်သည့် သမီးဖြစ်သူကို ဖုန်းယောက်ချင်းလှိုက်လှိုက်လှဲလှဲဂုဏ်ယူနေမိသည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now