ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

634 77 0
                                    

158
Zack Z.U.May 04, 2023
Chapter 158



အင်္ဂါနေ့မနက်တွင် နှင်းများတဖွဲဖွဲကျဆင်းနေသည်။

ကုဆွေ့ဆွေ့တစ်ယောက် ပြတင်းပေါက်နားတွင်ရပ်ကာ အပြင်ဘက်သို့လှမ်းကြည့်နေမိသည်။ နှင်းမှုန်နှင်းစက်များနှင့် မြူခိုးမြူငွေ့များကြောင့် ပတ်ဝန်းကျင်ကို သဲသဲကွဲကွဲမမြင်ရချေ။ မြူခိုးများရိုက်နေသော ပြတင်းပေါက်မှန်ပေါ်တွင် သူမ၏လက်ချောင်းလေးများဖြင့်တို့ထိကာ ပုံဆွဲနေလိုက်၏။

သူမဆွဲထားသောပုံမှာ ကလေးနှစ်ယောက်နှင့်နှင်းလူသားပုံလေးဖြစ်သည်။

ယခင်နှစ်က သူမနှင့်ချင်ဇီချန်းတို့ အိမ်အောက်ထပ်တွင် ကြိုးစားပမ်းစားအလှဆင်ထားခဲ့သော နှင်းလူသားရုပ်လေးမှာ ပြင်းထန်သောနှင်းမုန်တိုင်းကြောင့် ချက်ချင်းလဲကျပျက်စီးသွားခဲ့သည်။ ထို့ကြောင့် ဆွေ့ဆွေ့မှာရက်အတန်ကြာအောင် ဝမ်းနည်းပက်လက်ဖြစ်ခဲ့ရသေးသည်။ သို့သော် ကံကောင်းသည်က နှင်းလူသားရုပ်လေးမပျက်သွားမီတွင် အမိအရဓာတ်ပုံရိုက်နိုင်ခဲ့ခြင်းပင်။

"မေမေ ဟိုမှာဖေဖေ"

ဆွေ့ဆွေ့ကမျက်စိလျင်သူဖြစ်သောကြောင့် တိုက်ခန်းရှိရာဘက်သို့ဖြေးဖြေးချင်းလျှောက်လာသော ဖေဖေ့ကိုချက်ချင်းမြင်လိုက်ရသည်။

"မေမေ သမီးဖေဖေ့ကိုသွားကြိုလိုက်မယ်နော်"

ပြောပြောဆိုဆိုနှင့်အပေါ်ဝတ်ကုတ်အင်္ကျီဝတ်ကာ ပြေးဆင်းသွားသည်။

ဓာတ်လှေကားရှေ့တွင်ရပ်စောင့်နေသော ကုကျန်းနျန်မှာအောက်ဆင်းလာသည့်ဆွေ့ဆွေ့ကိုတွေ့လိုက်ရသောကြောင့်အံ့အားသင့်သွား၏။

"သမီးလေး အေးရအေးနဲ့ဘာလို့အောက်ဆင်းလာရတာလဲ"

"ဖေဖေ့ကိုလာကြိုတာလေ"

ဆွေ့ဆွေ့ကခေါင်းလေးစောင်းငဲ့ကာ ရှက်ကိုးရှက်ကန်းဖြင့်ပြောလာသည်။

ကုကျန်းနျန်ကဆွေ့ဆွေ့ကိုကောက်ချီလိုက်သည်။ နဖူးပြင်လေးကိုငုံ့နမ်းလိုက်ပြီး ကျီစယ်စနောက်နေသည်။ သို့သော်ဆွေ့ဆွေ့ကရုတ်တရက်ဆိုသလိုသူ့အင်္ကျီစအနားသို့ကပ်ကာ နှာခေါင်းတရှုံ့ရှုံ့နှင့်အနံ့ခံသည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now