ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

791 93 0
                                    

Chapter 44

နောက်ဆုံးတွင် ဖုန်းယောက်ချင်းတစ်ယောက် စုယွိင်လုံကို မွေးနေ့ပွဲအတူမခေါ်သွားနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူ(မ) စုယွိင်လုံ၏ သမီးဖြစ်သူကို သွားကြိုသည့်အချိန်တွင် အသေးစားမတော်တဆလေးတစ်ခုဖြစ်သွားသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူ(မ)ဆင်ခြေပေးပြီး အရင်ဆုံးထွက်လာခဲ့သည်။

"ဟုတ်ကဲ့....ကျွန်တော်သိပါပြီ ဆရာမ"

သူ့သမီးကိုကျောင်းအထိလာကြိုပြီး အံ့သြသွားစေရန် ယနေ့မှ ပေါက်ပေါက်ရှာရှာ စိတ်ကူးရလာကာ အစီအစဥ်ဆွဲလိုက်ခြင်းပင်။ ယွီချင်းက လွန်ခဲ့သောနှစ်ရက်လုံးလုံး ကျောင်းမသွားသည်ကို စုယွိင်လုံသိသည်။

သူ(မ)အတန်းဖော်များ၏အပြောအရ သူ(မ)က လဝက်ခန့် အားလပ်ရက်ယူခဲ့ပုံရသည်။ အချို့ကလေးများ၏မိဘများက လူကိုယ်တိုင်လာပြီးခွင့်ရက်လာတောင်းကြသည်။ ယွီချင်းကလည်း ဤနှစ်ဝက်စာမေးပွဲကြီးတွင် ပထမရခဲ့သောကြောင့် ခွင့်ယူရန်အတွက် ကျောင်းအုပ်ကြီးက ကြည်ကြည်သာသာခွင့်ပြုခဲ့ခြင်းဖြစ်သည်။

စုယွိင်လုံ ကားထဲတွင်ထိုင်ကာ ယွီချင်း၏ကျောင်းအုပ်ကြီးပြောခဲ့သောစကားကို

စဥ်းစားနေမိသည်။ သို့သော် သူ့စိတ်မှာ အချိန်အတန်ကြာအောင် ဆောက်တည်ရာမရဖြစ်နေသည်။ သူကအရည်အချင်း မပြည့်မီသော ဖခင်တစ်ဦးဟု တွေးနေမိသည်။ ထိုသို့မဟုတ်လျှင် သမီးဖြစ်သူက ရက်ပေါင်းများစွာ ကျောင်းပျက်နေသည်ကို မည်သို့သောဖခင်မျိုးက သတိမထားမိပဲ နေနိုင်လိမ့်မည်နည်း။

စုယွိင်လုံက အသက်ပြင်းပြင်းရှုလိုက်ပြီး နောက်ဆုံးတွင် စုယွီချင်းနှင့် သူ(မ)၏အဒေါ်ကို ခေါ်လိုက်သည်။

"ယွီချင်းကျောင်းမှာရက်ရှည်ခွင့်ယူလို့ရအောင် နင်ကူညီခဲ့သေးလား"။ စုယွိင်လုံ မေးလိုက်သည်။

"ဟုတ်ပါတယ်....ခဲအို....ဘာဖြစ်လို့လဲ?"။

"အဲ့ကိစ္စငါ့ကိုအရင်က ဘာလို့တစ်ယောက်မှလာမပြောကြတာလဲ....ယွီချင်းကဘာလုပ်ဖို့ခွင့်ယူရတာလဲ....သူအခုဘယ်မှာလဲ"။ သူ့ကိုနှစ်ယောက်ပေါင်းပြီးအကြောင်ရိုက်သွားသောကြောင့်

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now