ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

1.5K 112 0
                                    

Chapter 2

သူ(မ)သမီး၏ဤတစ်ခေါက်တွင်ဇာတ်ကောင်နေရာအောင်မြင်စွာရသွားခြင်းကို ဆုချရန် ဖန်ယိုချင်းကယနေ့နေ့လည်ခင်းတွင် သူ(မ)ကြိုက်သောအရာအားလုံးထဲမှ ဟင်းပွဲသုံးပွဲနှင့်စွပ်ပြုတ်တစ်ခွက်ကို ချက်ပြုတ်ထားသည်။

ဝက်နံရိုးချိုချဉ် ၊ အသားလုံးကြော် ၊ ပုစွန်ကြော် ၊ မှိုအသားစဉ်းကောစွပ်ပြုတ် စသည်တို့ပင်.....

ကုဆွေ့ဆွေ့ကစားပွဲပေါ်ရှိအစားအစာအနံ့ကိုရှူရင်း သတိလက်လွတ်တံတွေးမြိုချလိုက်မိသည်။

"အရမ်းကောင်းမဲ့ပုံပဲ" (ငိုမဲ့မဲ့မျက်နှာဖြင့်)....

ဂူဆွေ့ဆွေ့ကပျော့တိပျော့ဖက်မဟုတ်သောကြောက့် ယခင်ကလုံးဝအစာစားရန်မလိုချေ။ အဆာခံသည်။

သို့သော်လူသားအစစ်တစ်ယောက်ဖြစ်လာပြီးနောက် သူ(မ)တွင်အရသာခံအာရုံရှိရုံသာမက လူသားအစားအစာကိုအာသီသရှိသော ထူးထူးခြားခြားအာရုံတစ်ခုလည်းရှိသေးသည်။

" ဆွေ့ဆွေ့ သမီးဘာလုပ်ဦးမလို့လဲ? မြန်မြန်လုပ် တူကိုမရွှေ့နေနဲ့ ၊ ဟင်းတွေအေးသွားလိမ့်မယ်"

ဖန်ယိုချင်းက ဟင်းပွဲတစ်ချို့ကိုကောက်ယူလိုက်ပြီး သူ(မ)၏သမီးအတွက်ရည်ရွယ်ကာ ပန်းရောင်ပန်းကန်လုံးလေးထဲသို့ထည့်လိုက်သည်။

ဂူဆွေ့ဆွေ့က ကိုးရိုးကားယားနှင့်တူကိုကောက်ကိုင်လိုက်ပြီး ပန်းကန်လုံးထဲမှအစားအစာကို ညှပ်ယူလိုက်သည်။ အဖြူအနက် ဝါဖျော့ဖျော့မျက်ဝန်းတစ်စုံက တဖျပ်ဖျပ်လှုပ်ခတ်သွားသည်။ သူ(မ)က တစ်လုတ်စာကြီးကြီး အသားလုံးမ်ားကို ကိုက်ချလိုက်သည်။ သူ(မ)၏ပါးမို့မို့လေးက လူများကဖျစ်ညှစ်ပစ်ချင်သည်အထိ ချစ်ဖို့ကောင်းပြီးရင်းချစ်ဖို့ကောင်းအောင် စားသောက်နေသော လောဘကြီးသည့်ဟမ်းစတားသေးသေးလေးကဲ့သို့ အနည်းငယ်ဖောင်းထွက်နေသည်။

ကလေးအဝတ်အစားကြော်ငြာမော်ဒယ်တစ်ယောက်ဖြစ်သောကြောင့် ကုဆွေ့ဆွေ့၏ရုပ်ရည်က အပြစ်ဆိုစရာမရှိပေ။

ဖုန်ယောက်ချင်းကနံဘေးတွင်မြိန်မြိန်ယှက်ယှက်စားနေသောသူ(မ)၏သမီးလေးကိုကြည့်ရင်း မျက်စိများမှေးကျဉ်းသွားအောင်ပြုံးလိုက်ကာ ဆွေ့ဆွေ့ပါးစပ်ထောင့်တွင် မတော်တဆကပ်နေသော ထမင်းစေ့များကို ကူညီဖယ်ရှားပေးလိုက်သည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now