ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

1K 112 0
                                    

Chapter 3

"အိုး ငါ့ရဲ့ကလေးဆိုးလေးရေ အခုလေးတင်ဘယ်တွေသွားလိုက်တာလဲ!"

ကုဆွေ့ဆွေ့က အစ်မလှလှလေးပေးခဲ့သော နောက်ဆုံးတော်ဖီကို သူ(မ)၏အမေဆီပေးလိုက်ရမလား သို့မဟုတ် အားလုံးကိုတစ်ယောက်တည်းစားလိုက်ရမလားဟု စိတ်ထဲတွင်တုံ့ဆိုင်းနေချိန်တွင် ဝန်ထမ်းတစ်ယောက်ကအလျင်အမြန်ရှာတွေ့သွားသည်။

ဤတစ်ခေါက်တွင်မူ ချောင်ထဲရှိပန်းရိုင်းလေးကသူ(မ)ကိုထပ်ပြီးမဆွဲဆောင်နိုင်တော့ချေ။ ဝန်ထမ်းနောက်သို့အမှန်တကယ်လိုက်သွားပြီး ရိုက်ကူးရေးအဖွဲ့ကသူတို့အတွက်ပြင်ဆင်ပေးထားသော အဝတ်လဲခန်းသို့ ရောက်လာခဲ့သည်။

ကုဆွေ့ဆွေ့ကပင်ကိုစိတ်ရင်းလေးလှသောသူတစ်ယောက်ဖြစ်သည်။ သူ(မ)အားပိုမိုလွပေစေသာ အရာရာတိုင်းကိုနက်နက်နဲနဲ စိတ်ဝင်စားတတ်သည်။ သူ(မ)ကထိုင်ခုံတစ်ခုပေါ်တွင်ထိုင်ပြီး မှန်ကိုစိတ်အားထက်သန်စွာကြည့်လိုက်ကာ သူ(မ)ကိုအဝတ်အစားဆင်ယင်ပေးရန် ဘေးတွင်ရှိနေသော မိန်းမပျိုလေးကို ခွင့်ပြုပေးလိုက်သည်။

ကလေး၏အသားအရေလေးကကောင်းမွန်ပြီးချေွးပေါက်များလည်းမရှိပေ။ မျက်နှာဖြူဖြူလေးကလည်း ရဲနေသည်။ ဖောင်းဖောင်းမို့မို့မျက်နှာလေးက အလှပြင်ပစ္စည်းများကိုအလွန်အကျွံသုံးလျှင် မကောင်းပေ။ ရိုက်ကူးရေးအဖွဲ့၏မိတ်ကပ်ဆရာက ဇာတ်ကောင်၏လိုအပ်ချက်အတိုင်း သူ(မ)ကို ရိုးရှင်းသောမိတ်ကပ်ပါးပါးလေးလိမ်းပေးသည်။ သူ(မ)၏ဆံနွယ်ကိုကျွမ်းကျင်စွာနှစ်ပိုင်းခွဲလိုက်ပြီး ဆံထုံးလေးနှစ်ခုထုံးပေးလိုက်သည်။ ထို့နောက်သဘာဝအတိုင်းဆံပင်ချထားသည့်ပုံပေါက်အောင် ဆံထုံးလေးမှဆံနွယ်အနည်းငယ်ကိုချပေးလိုက်သည်။

ကုဆွေ့ဆွေ့ကလှပချောမောစွာမွေးဖွားလာခဲ့ခြင်းဖြစ်သည်။ အထုံးအဖွဲ့အပြင်အဆင်များအပြီးတွင် သူ(မ)၏ မျက်နှာလေးမှာ တစ်ဆိတ်စာလောက် နူးညံ့နေပြီး လူများ၏နှလုံးသားကိုအလျင်အမြန်အရည်ပျော်ကျစေလောက်သော ပါးချိုင့်လေးနှစ်ခုက ဘွားခနဲပေါ်လာသည်။

အား! ဤသည်ကရိုက်ကူးရေးအဖွဲ့ရလာသော သရုပ်ဆောင်လေးပင်။ သူ(မ)ကချစ်ဖို့ကောင်းလွန်းနေသည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now