ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

658 69 0
                                    

Chapter 135

စိတ်ရှုပ်ထွေးနေသော ဖုန့်ယောင်ချင်းတစ်ယောက် အတင်းဖျစ်ညှစ်ပြုံးရင်းပြောလိုက်၏။

"ဆွေ့ဆွေ့...မေမေတို့အရင်ဆုံး လက်ဆောင်တွေကိုသွားဖွင့်ကြည့်ကြစို့ ဘာလက်ဆောင်တွေလဲဆိုတာမသိချင်ဘူးလား"

စကားလမ်းကြောင်းလွှဲချင်နေသည့်သူမ၏ရည်ရွယ်ချက်က အလွန်သိသာလွန်းသည်။ ကုဆွေ့ဆွေ့၏ မျက်ခုံးတို့အနည်းငယ်

တွန့်ချိုးသွားသည်။ မေမေက ထိုအကြောင်းနှင့်ပတ်သတ်ပြီး ဆက်ပြောချင်ပုံမရပေ။

ဘာကြောင့်များလဲ။

သူမနှင့်ကင်မရာမန်းဦးဦးတို့ကို တောအုပ်ထဲမှကယ်ထုတ်ပေးခဲ့သော ရုပ်ချောချောနှင့်ဦးလေးက ဆွေ့ဆွေ့၏အဖေဆိုလျှင် ဘာကြောင့်များ ဆွေ့ဆွေ့မွေးနေ့သို့ရောက်မလာရသနည်း။ ဆွေ့ဆွေ့ကိုမချစ်တာကြောင့်လား။

ဆွေ့ဆွေ့၏စိတ်ထဲတွင်မေးခွန်းပေါင်းများစွာဖြင့်ပြည့်နေသော်လည်း ဘေးပတ်ပတ်လည်တွင်အပုံလိုက်ရှိနေသောလက်ဆောင်များကြောင့် အတွေးစပြတ်သွားပြီး အာရုံလွှဲသွားတော့သည်။

ကိုကိုလုချီက ကာတွန်းဗီဒီယိုခွေချပ်များလက်ဆောင်ပေးသည်။ မမဖုယင်းယွီက ဂီတသေတ္တာလေးပေးပြီးဦးဦးလုယွမ်ကျစ်က လက်ကောက်လေးလက်ကောက်လေးလက်ဆောင်ပေးသည်။ ကိုကိုချင်ဇီချန်းကလည်း ဝက်ဝံရုပ်ကြီးကိုလက်ဆောင်အဖြစ်ပေးသည်။

ထို့အပြင် သူမ၏ပရိသတ်များက အရုပ် ၊ ပန်းစည်း ၊ ချောကလက်စသည်ဖြင့်အမျိုးအစားစုံလင်စွာလက်ဆောင်ပေးကြသည်။ ဆွေ့ဆွေ့မှာ လက်ဆောင်အပုံကြီးကိုကြည့်ရင်း အကျေနပ်ကြီးကျေနပ်နေမိ၏။

ဆွေ့ဆွေ့၏ဖန်ကလပ်မှဦးဆောင်ကျင်းပသောမွေးနေ့ပွဲလေးက အောင်အောင်မြင်မြင်ပြီးဆုံးသွားသည်။ နေ့လည်ဆယ့်နှစ်နာရီတိတိတွင် တိုင်းမ်စကွဲ၏ဆိုင်းဘုတ်ကြီးမှာ ဆွေ့ဆွေ့ကိုမွေးနေ့ဆုတောင်းပေးထားသည်။ အင်ပါယာမြို့တော်ရှိရထားဘူတာရုံကြီးများတွင်လည်းဆွေ့ဆွေ့၏ပိုစတာများဖြင့်အစားထိုးထားသည်။

တစ်ချိန်တည်းတွင် ကုဆွေ့ဆွေ့က ချင်ဖျော်ဖြေရေးအေဂျင်စီနှင့်စာချုပ်ချုပ်လိုက်သည်ဟူသောသတင်းများက ဆိုရှယ်မီဒီယာများပေါ်တွင်ပလူပျံနေအောင်တက်လာသည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးOnde as histórias ganham vida. Descobre agora