ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

686 75 0
                                    

Chapter 127

ဤနှစ်ရက်အတွင်း ကုဆွေ့ဆွေ့၏သရုပ်ဆောင်စွမ်းရည်မှာ အတော်လေးတိုးတက်ကောင်းမွန်လာသည်။ သရုပ်ဆောင်မှုများက တိကျကောင်းမွန်သည့်အပြင် အမှားလည်းနည်းလာသည်။

စာသားများကိုလည်း မမေ့မလျော့ပြောနိုင်၏။

ဆွေ့ဆွေ့အားနေ့တိုင်းအနီးကပ်ကြည့်ရှုစောင့်ရှောက်ပေးနေသည့် လက်ထောက်ရှန်ယွမ်ပင်လျှင် အနည်းငယ်ကြောင်တောင်တောင်ဖြစ်နေမိသည်။ သာမာန်ဆိုလျှင် ဆွေ့ဆွေ့က အတော်ကလေးအပျင်းထူသော ကလေးမျိုးဖြစ်သည်။ ကလေးပီပီအဆော့မက်ကာ အပေါင်းအသင်းခုံမင်သည်။ ဆော့ကစားနေလျှင် အခြားဘယ်အရာကိုမှ စိတ်မဝင်စားတော့ချေ။

သို့သော် ဆွေ့ဆွေ့က ဤရက်ပိုင်းအတွင်း အမှန်တကယ်ပင် ထူးဆန်းနေသည်။ ဟိုတယ်သို့ပြန်ရောက်သည်နှင့် ခါတိုင်းကဲ့သို့တီဗွီရှေ့တွင်မထိုင်ဘဲ ဇာတ်ညွှန်းစာရွက်ကိုသာကိုင်ပြီး ဒိုင်ယာလော့များကို တိတ်တဆိတ်အလွတ်ကျက်မှတ်နေသည်။ ထိုမြင်ကွင်းက ရှန်ယွမ်အတွက် ထိတ်လန့်စရာပင်။ ဆွေ့ဆွေ့များတစ်ခုခုဖြစ်နေသလား အောက်မေ့ရ၏။

"သူဌေးလေးကိုကို...နောက်ကျတယ်နော်"

ဆွေ့ဆွေ့က နာရီကိုတစ်ချက်လှမ်းကြည့်ရင်းမျက်ခုံးတန်းများတွန့်ချိုးကာပြောလိုက်သည်။ နဂိုက သူမ နှင့် သူဌေးလေးကိုကိုတို့ ဤနေရာတွင်ကိုးနာရီခွဲအတိတွေ့ကြရန်ချိန်းဆိုထားသော်လည်း ယခုမူ ကိုးနာရီလေးဆယ်ဖြစ်နေပြီဖြစ်သောကြောင့် သူဌေးလေးကိုကိုတစ်ယောက် ဆယ်မိနစ်စွန်းစွန်းနောက်ကျမှသာရောက်လာ၏။

"ဆွေ့ဆွေ့ရယ်...ကိုကိုအိမ်ကနေခိုးထွက်လာရလို့လေ...ဒီအချိန်လောက်ရောက်လာတာပဲကံကောင်းတယ်ပြောရမယ်"

ချင်ဇီချန်းကရုပ်ရှင်ထဲရှိဇာတ်လိုက်မင်းသားကဲ့သို့ နံရံကိုခေါင်းတစ်ခြမ်းစောင်းမှီထားရင်းဟန်ပါပါပြောလိုက်သည်။

"ကောင်းပြီလေ...ဒီတစ်ခေါက်တော့...ဆွေ့ဆွေ့ကပဲ သဘောထားကြီးကြီးနဲ့ခွင့်လွှတ်ပေးလိုက်မယ် ဒါနဲ့သူဌေးလေးကိုကိုဗိုက်ဆာနေပြီလားဟင်...ရေခဲချောင်းစားကြမလား ချိုချိုအေးအေးလေးနဲ့အရသာရှိတယ်လေ"

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now