ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

528 67 0
                                    

Chapter 142

ဤနှစ်ဆောင်းရာသီမှာ ယခင်နှစ်ဆောင်းရာသီများထက် အအေးပိုသည်။ ထို့ကြောင့် လူတိုင်းလိုလို အပြင်မထွက်ဘဲ စောင်ထဲတွင်သာကွေးချင်နေကြသည်။

လျိုလဲ့လည်း ညအိပ်ဝတ်စုံဖြင့်သာအိမ်တွင်နှပ်နေရင်း ဖုန်းမှတစ်ဆင့် ရွှေကြက်ဖရုပ်ရှင်ပွဲတော်နှင့် သတင်းများကိုလှန်လှောကြည့်နေမိ၏။

သူမအချစ်တော်လေးဆွေ့ဆွေ့လည်း အကောင်းဆုံးမျက်နှာသစ်သရုပ်ဆောင်ဆုတွင် ဆန်ကာတင်စာရင်းဝင်ထားသောကြောင့် လျိုလဲ့မှာ သတင်းတစ်ခုကိုမှ လက်လွှတ်မခံနိုင်ဘဲ စိတ်လှုပ်ရှားစွာဖြင့်စောင့်ကြည့်နေမိသည်။

ယနေ့တွင်ရွှေကြက်ဖရုပ်ရှင်ပွဲတော်ကိုကြီးကျယ်ခမ်းနားစွာကျင်းပပြုလုပ်မည်ဖြစ်သည်။ ဆွေ့ဆွေ့လေးက ကော်ဇောနီပေါ်တွင်ပထမဆုံးအကြိမ်အဖြစ် လျှောက်လှမ်းမည်ဖြစ်သောကြောင့် ပရိသတ်များမှာတမျှော်မျှော်ဖြစ်နေကြသည်။

နိုဝင်ဘာနှစ်ဆယ့်တစ်ရက်နေ့တွင်ကျင်းပသောရွှေကြက်ဖရုပ်ရှင်ပွဲတော်၏ဖွင့်ပွဲအခမ်းအနားက အောင်မြင်စွာပြီးမြောက်သွားသည်။ သို့သော် ပွဲတော်၏အဓိကအခမ်းအနားကြီးမှာ နိုဝင်ဘာနှစ်ဆယ့်ငါးရက်နေ့တွင်ကျင်းပပြုလုပ်မည့်ဆုပေးပွဲအခမ်းအနားဖြစ်ပြီး ထိုဆုပေးပွဲအခမ်းအနားကို နိုင်ငံတစ်ဝှမ်းလုံးတွင်တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်၏။

ဤနှစ်တွင် ရွှေကြက်ဖရုပ်ရှင်ပွဲတော်မှာငါးရက်တာမျှအချိန်ကြာမြင့်သည်။ ဆုပေးပွဲအခမ်းအနားမတိုင်မီ ကြားထဲတွင်ရက်အနည်းငယ်မျှခံနေ၍ အနုပညာရှင်အတော်များများကလုပ်စရာရှိသည်များကို ပြန်လုပ်ကြသည်။ ဆုပေးပွဲကိုဘာမှမလုပ်ဘဲထိုင်စောင့်နေသည်မျိုးက အဓိပ္ပါယ်မရှိပေ။

လုချီနှင့်ဖုယင်းယွီတို့လည်း ရိုက်ကူးရေးအလုပ်များရှိနေသေးသောကြောင့် ဖွင့်ပွဲအခမ်းအနားပြီးသည်နှင့်အစောဆုံးလေယာဥ်ဖြင့်မြို့တော်သို့ပြန်သွားကြသည်။

ကုဆွေ့ဆွေ့မှာမူ ရိုက်ကူးရေးမရှိသေး၍ ကိစ္စမရှိပေ။ လုယွမ်ကျစ်ကလည်း ကလေးငယ်ကိုဝန်မပိစေလိုသောကြောင့် ဖိအားသိပ်မပေး။ အားလပ်ရက်ပေးသည်ဟုသဘောထား၍ လွတ်လွပ်လပ်လပ်သာနေစေသည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးTahanan ng mga kuwento. Tumuklas ngayon