ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

820 89 0
                                    

Chapter 36

အဆုံးမှာတော့ ပြဿနာဖြစ်စေသော ကြက်ဖကြီးက အသတ်မခံလိုက်ရပေ။

အစီအစဉ်ရိုက်ကူးရေးအဖွဲ့၏ဝန်ထမ်းက အချိန်မီရောက်ချလာပြီး ခဲ့ကျင်းယန် လုပ်တော့

မည့်အရာကို တားလိုက်သည်။ ကိစ္စများကို နမော်နမဲ့လုပ်တတ်သော နာမည်ကျော်မင်းသားခဲ့ကျင်းယန်က ကင်မရာရှေ့တွင် ကြက်အရှင်များအားသတ်ကာ ဆိုးရွားသောလုပ်ရပ်လုပ်လိုက်မည်ကို အားလုံးက စိုးရိမ်မိကြသည်။ လွန်ခဲ့သောအခေါက် စန်ဖန်းမတော်တဆမှုဖြစ်ပြီးတည်းက ဤသို့သောအရာမျိုးကို ခဲ့ကျင်းယန်လုပ်တတ်သည်ဟု သူတို့လုံးဝထင်သွားခြင်းဖြစ်သည်။

ထိုကြက်က သူကြီး၏ရွာရှိ အကြီးဆုံးကြက်ဖြစ်သည်။ ယောကျာ်းသားတစ်ယောက်အနေနှင့် ထိုသို့သောလုပ်ရပ်မျိုးမလုပ်ရန် တိုက်တွန်းကြသည်။

ဤသို့လုပ်ရခြင်းမှာ အရေးပေါ်အခြေအနေတွင် ကလေးကိုချော့ရန်လုပ်ခြင်းဖြစ်သည်ဟု ဆိုသော်လည်း ကြက်ကြီးကို မသတ်လိုက်နိုင်သောကြောင့် ခဲ့ကျင်းယန်၏စိတ်ထဲတွင် အနည်းငယ်စိတ်ပျက်သွားမိသည်။

ထိုသို့ဝဝဖြိုးဖြိုးကြက်ကြီးကို ကြက်စွပ်ပြုတ်ချက်စားလိုက်လျှင် အလွန်အရသာရှိပေလိမ့်မည်။

"ကလေးလေး ကြက်စွပ်ပြုတ်လုပ်ဖို့ ကြက်ကီးမရှိတော့ရင်လည်း ကိစ္စမရှိပါဘူး....ငါတို့ဒီည ငါးစွပ်ပြုတ်ပဲ သောက်ကြတာပေါ့....အတူတူပဲလေ"။ ရွာအဝင်လမ်းတွင် ခဲ့ကျင်းယန် ငါးကန်တစ်ခုတွေ့လာခဲ့သည်။ ထိုကန်ထဲရှိငါးများမှာ အရွယ်အစားအတော်လေး ကြီးပုံရသည်။ ကြက်စွပ်ပြုတ်ထက်တော့ အရသာမဆိုးလောက်ပေ။

ရိုက်ကွင်းရှိဝန်ထမ်းများက တစ်ယောက်နှင့်တစ်ယောက်ကြည့်နေကြသည်။ ဤတစ်ခေါက်တွင်မူ ခဲ့ကျင်းယန်အား တားရန် မည်သူ့ကိုမျှ မလွှတ်တော့ပေ။ ငါးသတ်ခြင်းက သူကြီးအိမ်မှ ကြက်ကိုသတ်ခြင်းထက် ပိုကောင်းသည်လေ။ မည်သို့ပင်ဖြစ်စေ ငါးကန်ထဲရှိငါးများကို ရွာသားများစားရန်အတွက် မွေးထားခြင်းဖြစ်သည်။ ကန်ထဲတွင်လည်း ငါးအမြောက်အမြားရှိနေသည်။ လုပ်ရိုးလုပ်စဉ်များကို မလိုက်နာသော နာမည်ကျော်ရုပ်ရှင်မင်းသား ခဲ့ကျင်းယန်အား စောင့်နေကြသလိုပင်။ ရွာအဝင်လမ်းရှိ ငါးကန်မှငါးများကိုဖမ်းပြီးနောက် အစီအစဉ်ရိုက်ကူးရေးအဖွဲ့က ရွာသားများကို ငါးပေါက်ဈေးအတိုင်း ပိုက်ဆံပြန်ဖြည့်ပေးလိုက်ကြသည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now