ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

801 98 0
                                    

Chapter 19

ရသစုံရှိုးကြီး၏တရားဝင်ရိုက်ကူးရေးမစခင်တွင် ဧည့်သည်အနုပညာရှင်များအားလုံးကိုစုပြီး အကြိုရုပ်ရှင်ရိုက်ကူးစေသည်။

ရိုက်ကူးရေးအဖွဲ့မှစီစဉ်ပေးထားသောကားလေးက ဌားရမ်းထားသည့်သူ(မ)တို့အိမ်အောက်ထပ်တွင် မနက်စောစောစီးစီးကြိုတင်စောင့်ဆိုင်းနေသည်။ ဖုန်းယောက်ချင်းက သူ(မ)သမီးလေးကို အပန်းရောင်နှင့်ခရမ်းဖျော့ရောင်စပ်ထား

သည့်လက်ပြတ်ဝတ်စုံလေးကိုလှလှပပဆင်မြန်းပေးလိုက်သည်။ ထို့အပြင် ကေသာထက်တွင်ဆံထိုးသေးသေးလေးထုံးထားသည့် ကလေးငယ်လေးက ယဉ်စစနှင့်နွေဦးရောင်ခြည်ကဲ့သို့ ငယ်ရွယ်နုပျိုနေသည်။

ယနေ့တွင် တရားဝင်ရိုက်ကူးရေးစဦးမည်မဟုတ်သော်လည်း အကြိုရုပ်ရှင်ကို ရသစုံရှိုးထက်အရင်တည်းဖြတ်ပြီး ထုတ်လွှင့်ပြသမည်ဖြစ်သောကြောင့် ပရိသတ်များ၏အမြင်တွင် မှတ်ချက်ကောင်းကောင်းနှင့်ထင်ကျန်ရစ်နေစေရန် အလွန်အရေးကြီးလှသည်။

ယနေ့တွင် ရိုက်ကူးရေးရှိသောကြောင့် ယမန်နေ့ညက ဖုန်းယောက်ချင်းတစ်ယောက် စိတ္ပူကာ ကောင်းကောင်းပင်အိပ်မပျော်ခဲ့ချေ။

မည်သို့ပင်ဆိုစေ ဤရိုက်ကူးရေးက သူ(မ)သမီးလေးဆွေ့ဆွေ့၏ ပထမဆုံးရသစုံရှိုးအစီအစဉ်ရိုက်ကူးရေးဖြစ်သည်။ ရသစုံရှိုးရိုက်ကူးခြင်းက ရုပ်ရှင်ရိုက်ကူးခြင်းနှင့် ကွာခြားလှသည်။ ရုပ်ရှင်ရိုက်ကူးသည့်အခါ မှားသွားလျှင် တစ်ဖန်ပြန်လည်ရိုက်ကူးကာ ပြုပြင်၍ရနိုင်သည်။ သို့သော် ရသစုံရှိုးရိုက်ကူးနေစဉ် တစ်ဝက်တစ်ပျက်တွင် အမွားလုပ္မိပါက ပြန်လည်ပြုပြင်၍မရနိုင်တော့ချေ။

"ဆွေ့ဆွေ့အမေ....ဒီနေ့က တရားဝင်ရိုက်ကူးရေးစတဲ့နေ့မဟုတ်ပါဘူး....ကလေးမိဘတစ်ယောက်အနေနဲ့....အစ်မကဘေးကနေပြီး ရပ်ကြည့်နေလို့ရပါတယ်"။ အစီအစဉ်ညွှန်ကြားရေးတာဝန်ယူထားသည့်ထန်းကျူက သူ(မ)ကိုပြောလာသည်။

ထန်းကျူ၏အလုပ်မှာ အဓိကအားဖြင့် ကလေးများကိုကြည့်ရှုစောင့်ရှောက်ရသောအလုပ်ဖြစ်သည်။ ဖုန်းယောက်ချင်း၏မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်မှုများကို အတိုင်းသားမြင်နေရသောကြောင့် သူ(မ)ရှင်းပြလိုက်မိသည်။ ဒါရိုက်တာကြီးကလည်း အကြိုရုပ်ရှင်ရိုက်ကူးနေစဉ်တွင် ကေလးငယ္မ်ား၏မိဘမ်ားကို အတူလိုက္လာ

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now