ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

585 58 0
                                    

Chapter 128

မြို့တော်၏ပင်မရဲစခန်းတွင်...။

"ကလေးတွေ...မိဘတွေနဲ့လူစုကွဲလာတာလား အိမ်လိပ်စာနဲ့ဖုန်းနံပါတ်ရော မှတ်မိလား"

ရဲအရာရှိမလေးက နားနေခန်းသို့ရောက်နေသော ကလေးငယ်နှစ်ယောက်ကိုကြည့်ကာ နူးညံ့ညင်သာစွာမေးလိုက်သည်။

ချင်ဇီချန်းက သူ့လွယ်အိတ်ကြိုးကိုကျစ်ကျစ်ဆုပ်ကိုင်ကာ ပြောလိုက်သည်။

"ကျွန်တော်တို့က မိဘနဲ့လူစုကွဲသွားလို့ဒီကိုရောက်နေတာမဟုတ်ပါဘူးဟရဲတိုင်ဖို့လာတာပါ"

"ရဲတိုင်ဖို့ဟုတ်လား..."

ကောင်လေး၏စကားကြောင့် ရဲမေက အနည်းငယ် အံ့အားသင့်သွားသည်။

ကလေးနှစ်ယောက်က ပြစ်မှုကျူးလွန်သူတစ်စုံတစ်ယောက်နှင့် တွေ့ခဲ့လို့များလား။ အရေးကြီးမျက်မြင်သက်သေများဖြစ်နေမလား။ ရဲမေ၏ခေါင်းထဲတွင် အတွေးပေါင်းစုံဖြင့် ဂယက်ရိုက်နေသည်။

"ဟုတ်ကဲ့...သူခိုးတစ်ယောက်ကဟဘတ်စ်ကားမှတ်တိုင်မှာ အဒေါ်ကြီးတစ်ယောက်ဆီကနေပိုက်ဆံအိတ်ခိုးဖို့လုပ်နေတာကို ကျွန်တော်တို့ဖမ်းမိ...အဲလေ...ကျွန်တော်တို့ဓာတ်ပုံရိုက်မိထားပါတယ် ဒါပေမဲ့ အဲဒီသူခိုးဦးလေးကြီးရဲ့လက်ထဲမှာ ဓားကိုင်ထားတာမလို့ သွားဝင်တားတာမျိုးတော့မလုပ်ခဲ့ဘူး ဖုန်းနဲ့ပဲသက်သေအနေနဲ့ပုံရိုက်ခဲ့တာ ရဲမေမမဒီပုံကိုသေချာကြည့်ပေးပါဦး"

ချင်ဇီချန်းက ဖြစ်စဥ်တစ်ခုလုံးကိုခရေတွင်းစေ့ကျရှင်းပြ၏။

ဆွေ့ဆွေ့ကလည်းဘေးမှနေ၍ဝင်ပြောသည်။

"ရဲမေမမရှင့်...ဒီပုံကိုသေချာလေးကြည့်နော် ပြီးရင်...ဒီဖွားဖွားဆီကနေ အဲဒီဦးလေးကြီးခိုးသွားတဲ့ပစ္စည်းတွေကို ပြန်ရအောင်ယူပေးနော်"

ချစ်စဖွယ်ကောင်းလွန်းပြီးနားဝင်ပီယရှိလှသည့်ကုဆွေ့ဆွေ့၏အသံကြောင့် ရဲမေမလေး၏မျက်ဝန်းများမှာချက်ချင်းနူးညံ့သွားရသည်။

"စိတ်မပူပါနဲ့ ကလေးတို့...သူခိုးကိုမိအောင်ဖမ်းပြီး သူ ခိုးသွားတဲ့ပစ္စည်းတွေကိုပိုင်ရှင်ဆီအရောက်ပြန်ပေးဖို့က မမတို့ရဲတွေရဲ့တာဝန်တစ်ခုပါ ကလေးတို့ပြတဲ့ပုံထဲက သူခိုးကိုလည်းမိအောင်ဖမ်းပေးမယ်နော်"

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now