ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

642 66 0
                                    

Chapter 117

"မစ္စစ်ကော...ဒါကစျေးဝယ်တဲ့ကတ်လေးတစ်ခုပါပဲ ဒီထဲမှာ ပိုက်ဆံတော့သိပ်ပြီးများများစားစားမပါဘူး စျေးဝယ်စင်တာတွေသွားရင်တော့ အသုံးဝင်ပါတယ်"

အစပိုင်းတွင် ဆရာမလေးက သူမအား အားနာသောကြောင့် ငြင်းနေသည်ဟု ဖုန့်ယောင်ချင်းထင်မိသော်လည်း နှစ်ခါသုံးခါမြောက်တွင် ဆရာမကောက စျေးဝယ်ကတ်လက်ဆောင်အားအမှန်တကယ်လက်မခံချင်ပုံရသည်။

ထိုအခါမှ ဖုန့်ယောင်ချင်းလည်းသဘောပေါက်သွားသည်။ ဤမူကြိုကျောင်းက အခြားမူကြိုကျောင်းများနှင့်မတူ။ ပိုပြီးအဆင့်မြင့်သလိုစည်းမျဥ်းစည်းကမ်းများလည်းပိုများပေလိမ့်မည်။ ဖုန့်ယောင်ချင်းလည်း မိမိအပြုအမူကိုအားနာနာနှင့်ပြန်တောင်းပန်လိုက်ရ၏။

"ဆရာမကောရယ် ကျွန်မတကယ်တောင်းပန်ပါတယ်ရှင် ဒီကျောင်းမှာဒီလိုစည်းမျဥ်းစည်းကမ်းမျိုးရှိမှန်းမသိလို့ပါ ဆရာမကိုအပူပေးမိပြီ"

ဖုန့်ယောင်ချင်းက စျေးဝယ်ကတ်ကိုပြန်သိမ်းသွားမှ ဆရာမကောလည်းစိတ်အေးသွားပုံရသည်။

"ရပါတယ်ရှင်...အစ်မလည်းတမင်သက်သက်လုပ်တာမှမဟုတ်တာ အစ်မကလေးအတွက်ကောင်းစေချင်လို့လုပ်လိုက်တာပဲလေ

သဘောရိုးနဲ့ဆိုတာကျွန်မလည်းသိပါတယ် ဒါပေမဲ့စိတ်မပူပါနဲ့ ကျွန်မတို့ကျောင်းက ကျောင်းသူကျောင်းသားအကုန်လုံးကို တန်းတူညီမျှဆက်ဆံပါတယ် ခွဲခွဲခြားခြားဆက်ဆံတာမျိုးမရှိတာမလို့ စိုးရိမ်စရာမလိုပါဘူး"

"ဟုတ်...ကျွန်မသိပါပြီ ကျေးဇူးပါရှင်"

တစ်ဖက်တွင် မူကြိုကျောင်းထဲသို့ပထမဆုံးခြေချလာသောကုဆွေ့ဆွေ့တစ်ယောက် ဟိုဟိုဒီဒီလျှောက်ကြည့်နေမိသည်။

အနီးအနားပတ်ဝန်းကျင်ရှိအရာအားလုံးကသူမနှင့်စိမ်းသက်နေသဖြင့်စူးစူးစမ်းစမ်းသိချင်နေမိ၏။

ထို့နောက်ဆရာမတစ်ယောက်က ဆွေ့ဆွေ့ကိုအခန်းတစ်ခုထဲသို့ခေါ်သွားသည်။ ထိုအခန်းထဲတွင် သူမနှင့်သက်တူရွယ်တူကလေးများလည်းရှိနေသည်။ အားလုံးက သူမကိုစူးစမ်းသောအကြည့်တို့ဖြင့်ကြည့်နေကြသည်။ စာရေးစားပွဲနှင့်ထိုင်ခုံများကိုနေရာတကျစီထားပြီး အရှေ့မျက်နှာစာတွင် ဆရာမ၏စားပွဲခုံနှင့် ကျောက်သင်ပုန်းအကြီးကြီးတစ်ခုရှိနေ၏။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now