ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

855 90 0
                                    

Chapter 66

ရိုက်ကူးရေးအချိန်ကို တနင်္ဂနွေနေ့သို့ရွှေ့ဆိုင်းလိုက်သည်မှာ အလွန်ရှားပါသည်။ ထို့ကြောင့် ကုဆွေ့ဆွေ့လည်း သူ(မ)ပါဝင်ရိုက်ကူးထားသည့် ရသစုံရှိုးအစီအစဥ်ကိုကြည့်ရှုရန် နောက်ဆုံးတွင် အခွင့်အရေးရသွားခဲ့သည်။

"မေမေ....လာကြည့်ပါဦး...အစီအစဥ်စတော့မယ်"။ ဆွေ့ဆွေ့က မီးဖိုခန်းထဲတွင် အလုပ်ရှုပ်နေသည့် သူ(မ)၏မိခင်အားလှမ်းအော်ပြောလိုက်သည်။

"သမီးလေးရယ်....ကြော်ငြာဝင်တာက....လေးငါးမိနစ်လောက်ကြာဦးမှာ...မစသေးဘူး....စိတ်မပူနဲ့"။ သစ်သီးဝလံများကို ဆေးကြောသန့်စင်ကာ လှီးဖြတ်နေသည့်ဖုန်းယောက်ချင်းက ကုဆွေ့ဆွေ့အားပြန်ပြောလိုက်သည်။ ဖုန်းယောက်ချင်း၏စကားကြောင့် လောနေသည့်ကုဆွေ့ဆွေ့လည်း စိတ်သက်သာရာရသွားသည်။ ကုဆွေ့ဆွေ့အနေနှင့် သူ(မ)ပါဝင်ရိုက်ကူးထားသည့် ရသစုံရှိုးအား သူ(မ)ကိုယ်တိုင် ပထမဆုံးအကြိမ်ကြည့်ရှုရမည်ဖြစ်သောကြောင့် အလွန်စိတ်လှုပ်ရှားနေမိသည်။

ကြော်ငြာရှည်ဝင်ပြီးနောက် ရသစုံရှိုးအစီအစဥ်ကိုစတင်ပြသလေတော့သည်။ ပေါက်စလေးက ဆိုဖာပေါ်တွင်ထိုင်ကာ စိတ်လှုပ်ရှားစွာဖြင့်စောင့်မျှော်နေသည်။ ဧည့်သည်အနုပညာရှင်များကိုယ်တိုင်သီဆိုထားသည့် ဇာတ်ဝင်တေးနှင့်အတူ အကျော်အမော်မိဘများနှင့်ကလေးငယ်တစ်ယောက်စီကို တစ်လှည့်စီပြသည်။ ထို့နောက် ယခင်အပိုင်းကိုနှစ်မိနစ်ခန့်အတိုချုံးပြန်ပြသည်။

ကုဆွေ့ဆွေ့က တီဗွီအားစူးစိုက်စွာကြည့်နေသည်။ ဖန်သားပြင်ထက်တွင် သူ(မ)၏ရုပ်ပေါ်လာတိုင်း မျက်လုံးကိုအုပ်ကာ ပါးစပ်ထဲသို့လည်း အခွံခွာပြီးသားစပျစ်သီးများသွတ်ထည့်နေတော့သည်။ အရှက်သည်းနေသော သူ(မ)၏သမီးငယ်လေးကိုကြည့်ရင်း ဖုန်းယောက်ချင်းတစ်ယောက် မရယ်မိအောင်မနည်းထိန်းထားရသည်။

သောကြာနေ့ညရှစ်နာရီတိုင်း ကုဆွေ့ဆွေ့နှင့်ဖုန်းယောက်ချင်းတို့ကဲ့သို့ တီဗွီရှေ့တွင် "ကလေးငယ်နှင့်ခရီးသွားခြင်း" အစီအစဥ်ကိုစောင့်မျှော်နေ

သည့် ပရိသတ်များစွာရှိနေသည်။

"ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးအစီအစဥ်၏ပထမအပိုင်းနှစ်ပိုင်းကိုထုတ်လွှင့်ပြသပြီးနောက် နောက်အပိုင်းအသစ်များအတွက် အပတ်တိုင်း တီဗွီရှေ့တွင်စောင့်မျှော်နေကြသည့် ပရိသတ်အရေအတွက်အများအပြားတိုးလာသလို ဆိုရှယ်မီဒီယာများတွင်လည်း ထိုရသစုံရှိုးနှင့်ပတ်သတ်သည့်ပို့စ်များ ဗွီဒီယိုများကို မတွေ့ချင်အဆုံးဖြစ်နေရသည်။ သစ်သီးရုပ်သံလှိုင်းတွင် ထုတ်လွှင့်ဖူးသမျှရသစုံရှိုးများအနက် "ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးက

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now