ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

755 77 1
                                    

Chapter 108

ချင်ကုမ္ပဏီအုပ်စု၏ ဂုဏ်ပြုညစာစားပွဲကို ကုမ္ပဏီပိုင် ကြယ်ငါးပွင့်ဟိုတယ်တစ်ခုတွင်ကျင်းပပြုလုပ်မည်ဖြစ်သည်။

ချင်ကုမ္ပဏီ၏လက်အောက်ခံ အခွဲတစ်ခုဖြစ်သော ချင်ဖျော်ဖြေရေးအင်ဂျင်စီကလည်း သူ့ကုမ္ပဏီရှိအနုပညာရှင်အတော်များများကို ဤပွဲသို့ဖိတ်ကြားထား၏။ အေဂျင်စီ၏ဥက္ကဋ္ဌကိုယ်တိုင်ပွဲတက်ရောက်မည်ဖြစ်သောကြောင့် ဒိတ်ဒိတ်ကြဲသရုပ်ဆောင်များ ၊ အဆိုတော်များလည်း မအားလပ်သည့်အချိန်ဇယားများကြားက အသည်းအသန်ပြင်ဆင်ရတော့သည်။

ကုဆွေ့ဆွေ့ကမူ ဤဂုဏ်ပြုညစာစားပွဲသို့ စားသောက်ရန်သာ လာခြင်းဖြစ်သည်။ လက်ထောက်မမ၏လက်ကိုဆွဲကိုင်ကာစူးစမ်းလိုစိတ်ဖြင့်တစ်လှမ်းချင်းလှမ်းလာသော်လည်း စိတ်လွတ်ကိုယ်လွတ်လိုက်ကြည့်နေခြင်းမျိုးတော့မဟုတ်ပေ။

ဂုဏ်ပြုညစာစားပွဲသို့ရောက်လျှင် ဦးဦးလုနှင့်လက်ထောက်မမ၏စကားကိုနားထောင်ရမည်ဟု မေမေကပြောထား၏။ တစ်ယောက်ယောက်ကအနိုင်ကျင့်လျှင်လည်း လာတိုင်ရန်ပါပါးခဲ့ကပြောထားသေးသည်။

"ဆွေ့ဆွေ့...သမီးစားဖို့အတွက် မမတစ်ခုခုယူလာပေးမယ် ဒီမှာခဏနေပြီး မမကိုစောင့်နေနော် ဟုတ်ပြီလား"

အစပိုင်းတွင် ရှန်ယွမ်က ကိုယ်စားလှယ်လုယွမ်ကျစ်နှင့်ခဲ့ကျင်းယန်ကိုစောင့်ပြီးမှ ဆွေ့ဆွေ့နှင့်အတူစားသောက်သည့်စားပွဲဝိုင်းသို့သွားရန် ဆုံးဖြတ်ထားသော်လည်းအစားအသောက်များကိုသာ မျက်တောင်မခတ်တမ်းစိုက်ကြည့်နေသော ကလေးငယ်ကြောင့် သူမလည်းမနေနိုင်တော့ဘဲ အရင်စားခိုင်းလိုက်သည်။

ယနေ့ဂုဏ်ပြုစားပွဲတွင် ချင်ဥက္ကဋ္ဌကိုယ်တိုင်တက်ရောက်လာမည်ဖြစ်သောကြောင့် လုံခြုံရေးကိုအလွန်တင်းကြပ်ထားသည်။ ဖိတ်စာမပါလျှင် အထဲသို့ဝင်ခွင့်မပြုချေ။ ထို့ကြောင့် ရှန်ယွမ်လည်း စိတ်ချစွာဖြင့် ဆွေ့ဆွေ့ကိုတစ်ယောက်တည်းထားပြီး အစားအသောက်ယူရန်ထွက်လာခဲ့လိုက်သည်။

"မမစိတ်မပူပါနဲ့ သမီးဒီမှာငြိမ်ငြိမ်လေးထိုင်စောင့်နေမယ်နော်"

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now