ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

660 73 0
                                    

Chapter 149

တစ်ဖက်ဆေးရုံတွင်...

ဖုန့်ယောင်ချင်းတစ်ယောက် အရေးပေါ်ခန်းအပြင်ဘက်တွင် နာရီပေါင်းများစွာစောင့်နေခဲ့သည်။ ထို့နောက် လူနာ၏အသက်အန္တရာယ်မရှိကြောင်း စိတ်ချရပြီဆိုမှ သူမလည်း လူနာဆောင်အပြင်ဘက်တွင် ခေတ္တခဏမျှအနားယူနိုင်တော့သည်။

တစ်ခဏအကြာတွင် မျက်ခုံးထူထူ မျက်လုံးပြူးပြူးနှင့်လူကောင်ကြီးကြီးအမျိုးသားတစ်ယောက်က လူနာဆောင်မှထွက်လာကာ ဖုန့်ယောင်ချင်း၏ဘေးတွင်ဝင်ထိုင်ပြီး စကားစပြောလာ၏။

"ရှောင်ချင်း တစ်ကယ်တမ်းတော့...အမေက ဒီနှစ်တွေမှာ နင့်အကြောင်းပဲတွေးနေခဲ့တာ"

ဖုန့်ယောင်ချင်းက စကားတစ်ခွန်းမျှမှပြန်မပြောဘဲ တိတ်ဆိတ်နေသည်။

"အမေ့အကြောင်းလည်းနင်သိရဲ့သားနဲ့ သူကဒေါသကြီးပြီး ခေါင်းမာတဲ့သူဆိုပေမဲ့ နင်ထွက်သွားတော့ ဆောက်တည်ရာမရဖြစ်နေခဲ့တာဘယ်လိုပဲပြောပြော သူကငါတို့ရဲ့အမေပဲလေ"

ထိုစကားကြောင့် ဖုန့်ယောင်ချင်း၏မျက်နှာအနည်းငယ်ပျက်ယွင်းသွားသည်။ သူမ၏လေသံကအေးတိအေးစက်နှင့်အက်ရှနေသည်။

"သူကနင့်အပေါ်မှာပဲကောင်းတာပါ ငါ့ကိုဆိုရှိတယ်လို့တောင်မထင်ဘူး"

သူမငယ်ရွယ်စဥ်က မိသားစုထဲတွင်အစ်ကိုကြီးကိုသာအမြဲတမ်းဦးစားပေးရှေ့တန်းတင်ခဲ့ပြီး သူမကိုမူ အမြဲလိုလိုချောင်ထိုးထားခဲ့၏။

"ရှောင်ချင်း...အခုအမေ့ရဲ့အခြေအနေကိုနင်လည်းမြင်နေတာပဲ ဆရာဝန်ကပြောတယ် အခုလောလောဆယ်ပြန်ကောင်းလာရင်တောင် သူသိပ်မနေရတော့ဘူးတဲ့...အဲဒါကြောင့်သူနိုးလာတဲ့အခါ စိတ်ချမ်းသာအောင်နူးနူးညံ့ညံ့နဲ့နှစ်သိမ့်တဲ့စကားလုံးတွေပဲပြောပေးလို့မရဘူးလား အစ်ကိုတစ်ယောက်အနေနဲ့တောင်းဆိုတာပါ"

ဖုန့်ယောင်ချင်းတစ်ယောက် ခြောက်ခြောက်ကပ်ကပ်ရယ်လိုက်မိသည်။ ထို့နောက် အစ်ကိုဖြစ်သူအားအံကြိတ်ရင်းပြန်ပြောလိုက်၏။

"ငါကသူ့အပေါ်ကောင်းပေးရမယ်တဲ့လား သူရောငါ့အပေါ်ကောင်းပေးခဲ့ရဲ့လား ငါအိမ်ကထွက်သွားတုန်းက အစ်ကိုတို့အားလုံး တစ်ချက်တောင်ဂရုစိုက်ခဲ့လို့လား ငါဘာဖြစ်ချင်လဲဆိုတာတစ်ခွန်းတောင်မေးကြည့်ခဲ့ဖူးလား

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now